ရခိုင်အမျိုးသားနေ့ အခမ်းအနား ရန်ကုန်မှာ ၄ ကြိမ်မြောက် ကျင်းပမယ်

0
295

အစိုးရအဆက်ဆက်က တရားဝင် မသတ်မှတ်ပေးခဲ့တဲ့ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ၄ ကြိမ်မြောက်အဖြစ် ကဆုန်လပြည့်ကျော် (၁) ရက်ဖြစ်တဲ့ မေလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပဖို့ရှိနေပါတယ်။

အဲ့ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာနက ကြီးမှူးပြီး ရခိုင်လူမှုရေး အသင်းအဖွဲ့တွေက ပူးပေါင်း ကျင်းပတာဖြစ်တယ်လို့ အဲ့ဒီဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဇော်အေးမောင်က ပြောပါတယ်။

၎ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနားမှာတော့ “ရခိုင်၏ အတိတ်၊ ပစ္စုပ္ဗန်၊ အနာဂတ်” ခေါင်းစဉ်နဲ့ ပညာရှင်တွေက ဟောပြောမှုတွေကိုပါ ပြုလုပ်ဖို့ ရှိနေတာပါ။

ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတွေနဲ့ ဖျော်ဖြေမှုတွေအပါအ၀င် ရခိုင် ရိုးရာအစားအသောက်တွေနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေကိုပါ ရောင်းချပေးသွားဖို့ ရှိနေပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ သာသနာတော်နှစ် ၁၂၃ ခုနှစ်၊ ဓညဝတီခေတ်၊ စန္ဒသူရိယမင်း လက်ထက် မြတ်စွာဘုရားရှင် ရခိုင်ဒေသကို ကြွရောက်တော်မူစဉ် မဟာမြတ်မုနိ ကိုယ်ပွားရုပ်တုကို သွန်းလုပ် ပြီးစီးခဲ့တဲ့ ကဆုန်လပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြုကာ အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)