သံဃာတွေ မိုင်းနဲ့ ဆော့ကစားရာက မိုင်းပေါက်ကွဲလို့ ၁၀ ပါး ဒဏ်ရာရ

0
233

နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ မိုင်းနဲ့ ဆော့ကစားရာက မိုင်းပေါက်ကွဲလို့ ၁၀ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။

မေလ ၈ ရက်နေ့ မနက်ပိုင်းက မိုင်းရင်ကျေးရွာအနီးရှိ လက်ရှိအသုံးမပြုတော့တဲ့ တပ်မတော် စခန်းဟောင်းအနီး မြို့မသာသနာဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ မြေမြှုပ်မိုင်း ၃ လုံးကို တွေ့ရှိခဲ့ပါ။

အဲ့ဒီထဲက မြေမြှုပ်မိုင်း ၂ လုံးကို ကျောင်းထဲကို ယူဆောင် ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွားပြီး အခုလို ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာ ၁၀ ပါးဟာ  လာရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေကြရတာပါ။

အဲ့ဒီထဲက သံဃာ နှစ်ပါးကတော့ စိုးရိမ်ရတဲ့ ခွဲစိတ်ဆောင်မှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေကြရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)