ဆရာကြီး ဒဂုန်တာရာရဲ့ ၉၈ နှစ်မြောက် မွေးနေ့ ကျင်းပမယ်

0
289

ဆရာကြီး ဒဂုန်တာရာရဲ့ ၉၈ နှစ်မြောက် မွေးနေ့ပွဲကို မေလ ၁၀ ရက်နေ့၊ ရှမ်းနယ်တောင်ပိုင်ရှိ အောင်ပန်းမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

အဲ့ဒီ အခမ်းအနားကို ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံ အနှံအပြားရှိ စာပေနဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေလည်း တက်ရောက်ဖို့ရှိနေပြီး စာတမ်းဖတ်ပွဲတွေကိုလည်း ကျင်းပဖို့ရှိနေတာပါ။

မွေးနေ့ပွဲ အခမ်းအနားကို ဆရာဒဂုန်တာရာဂူဗိမာန်တည်ဆောက်ရေး ကော်မတီက ဦးဆောင်ပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ပေးပို့တဲ့ သ၀ဏ်လွှာတွေကိုလည်း ဖတ်ကြားကြမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလောကနဲ့ စာပေလောကမှာ ထင်ရှားလှတဲ့ ဆရာကြီး ဒဂုန်တာရာကို ၁၉၁၉ မေလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

ဆရာကြီးရဲ့ အမည်ရင်းမှာ ဦးဌေးမြိုင်ဖြစ်ပြီး ကလောင်အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာဆောင်းပါးတွေ၊ ၀တ္ထုတွေ၊ ၀တ္ထုတိုတွေကို ရေးသားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

၁၉၆၁ ခုနစ်မှာတော့ စံပယ်ဦးဝတ္ထုတို ပေါင်းချုပ်စာအုပ်နဲ့ စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သလို ၂၀၁၂ ခုနှစ်မှာတော့ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကို ရရှိခဲ့သူ တစ်ယောက်ပါ။

ဆရာကြီးဟာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ရက်ရက်နေ့ အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဆရာကြီးကို လေးစားသူတွေက သူနေထိုင်ခဲ့တဲ့ အောင်ပန်းမြို့အ၀င်က မဲခိုတောင်ခါးပန်းမှာ ဒဂုန်တာရာ ဂူဗိမာန်ကို ဂုဏ်ပြု တည်ဆောက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)