မြန်မာ-ဗြိတိန် ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်

0
340

မြန်မာ-ဗြိတိန် နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် စွမ်းအင် စသည့်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ရှိနေပါတယ်။

ဗြိတိန်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံစဉ် အဲ့ဒီကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

မေလ ၈ ရက်နေ့ ဒေသစံတော်ချိန် ၄ နာရီခွဲအချိန်က ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Rory Stewart, MP နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါအပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟယရေးရာဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဝန်ကြီးနဲ့လည်း သီးခြားစီ တွေ့ဆုံမှုတွေရှိခဲ့ သေးတာပါ။

အဲ့ဒီတွေ့ဆုံမှုထဲမှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)