လူနာအမှတ် (၇) ဆွစ်ဇာလန်နိုင်ငံသူကို ဆေးရုံက ဆင်းခွင့်ပြု

0
209

နေပြည်တော်က ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ အသက် (၅၈) နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (၇) ကို ဧပြီလ (၈) ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါသက်သာကောင်းမွန်နေတဲ့ သူ့ကို ဓာတ်ခွဲစမ်းသပ်မှုတွေကို (၂) ကြိမ်တိုင် ဧပြီလ (၄) ရက်နေ့နဲ့ (၇) ရက်နေ့တွေမှာ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ရောဂါပိုး မရှိကြောင်း တွေ့ရတာကြောင့် ဆင်းခွင့် ပြုလိုက်တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာပါ။

ဧပြီလ (၈) ရက်နေ့ ညနေပိုင်းမှာ သူ့ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ နေရာတွေမှာ နောက်ထပ် (၁၄) ရက် စောင့်ကြပ် ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

သူဟာ ဖျားနာမှုနဲ့ ချောင်းဆိုတဲ့ လက္ခဏာတွေခံစားခဲ့ရတာကြောင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးကို မတ် ၂၆ ရက်မှာ စတင်လာရောက် ပြသခဲ့ တာပါ။ သူမှာ COVID-19 ရောဂါ ရှိကြောင်း ဓာတ်ခွဲအတည်ပြုမှုကို မတ်လ (၂၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူဟာ COVID-19 အတည်ပြုလူနာ ဖခင်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ အချိန် ၂ နာရီကြာ တွေ့ဆုံမှု ရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံအတွင်း ရောဂါ ဓာတ်ခွဲအတည်ပြုချက် မရခင် အချိန်က မြန်မာနိုင်ငံအတွင်းမှာ ထိတွေ့ဆက်ဆံမှု (၁၀) ကြိမ်ရှိခဲ့ကြောင်း ထွက်ဆိုချက်ကိုလည်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာပါ။

အဲ့ဒီလို သူနဲ့ မြန်မာနိုင်ငံအတွင်း ထိတွေ့ဆက်ဆံမှု (၁၀) ကြိမ်ရှိခဲ့တဲ့ထဲမှာ ပါဝင်သူတွေကို ဘယ်လို စောင့်ကြည့်မှုတွေ လုပ်ဆောင် ခဲ့တယ်ဆိုတာနဲ့ ဘယ်လို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ မတွေ့ရှိရသေးတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

နေပြည်တော်က ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ အသက် (၅၈) နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (၇) ကို ဧပြီလ (၈) ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါသက်သာကောင်းမွန်နေတဲ့ သူ့ကို ဓာတ်ခွဲစမ်းသပ်မှုတွေကို (၂) ကြိမ်တိုင် ဧပြီလ (၄) ရက်နေ့နဲ့ (၇) ရက်နေ့တွေမှာ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ရောဂါပိုး မရှိကြောင်း တွေ့ရတာကြောင့် ဆင်းခွင့် ပြုလိုက်တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာပါ။

ဧပြီလ (၈) ရက်နေ့ ညနေပိုင်းမှာ သူ့ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ နေရာတွေမှာ နောက်ထပ် (၁၄) ရက် စောင့်ကြပ် ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

သူဟာ ဖျားနာမှုနဲ့ ချောင်းဆိုတဲ့ လက္ခဏာတွေခံစားခဲ့ရတာကြောင့် နေပြည်တော် ကုတင် (၁၀ဝဝ) ဆေးရုံကြီးကို မတ် ၂၆ ရက်မှာ စတင်လာရောက် ပြသခဲ့ တာပါ။ သူမှာ COVID-19 ရောဂါ ရှိကြောင်း ဓာတ်ခွဲအတည်ပြုမှုကို မတ်လ (၂၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူဟာ COVID-19 အတည်ပြုလူနာ ဖခင်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ အချိန် ၂ နာရီကြာ တွေ့ဆုံမှု ရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံအတွင်း ရောဂါ ဓာတ်ခွဲအတည်ပြုချက် မရခင် အချိန်က မြန်မာနိုင်ငံအတွင်းမှာ ထိတွေ့ဆက်ဆံမှု (၁၀) ကြိမ်ရှိခဲ့ကြောင်း ထွက်ဆိုချက်ကိုလည်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာပါ။

အဲ့ဒီလို သူနဲ့ မြန်မာနိုင်ငံအတွင်း ထိတွေ့ဆက်ဆံမှု (၁၀) ကြိမ်ရှိခဲ့တဲ့ထဲမှာ ပါဝင်သူတွေကို ဘယ်လို စောင့်ကြည့်မှုတွေ လုပ်ဆောင် ခဲ့တယ်ဆိုတာနဲ့ ဘယ်လို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ မတွေ့ရှိရသေးတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)