မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ COVID-19 ကြောင့် လူသေဆုံးမှု ရာခိုင်နှုန်း အမြင့်မားဆုံး နိုင်ငံဖြစ်လာ

0
1270

COVID-19 ရောဂါနဲ့ သေဆုံးသူ (၃) ဦး ရှိခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း နိုင်ငံတွေကြားမှာ COVID-19 ကြောင့် လူသေဆုံးမှုနှုန်း (ရာခိုင်နှုန်း) အမြင့်မားဆုံး နိုင်ငံအဖြစ် ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုမှု (၂၂) ခု ရှိခဲ့ပြီး သေဆုံးမှု (၃) ကြိမ် ဖြစ်ပွားခဲ့တာကြောင့် သေဆုံးမှုနှုန်း (ရာခိုင်နှုန်း) ဟာ (၁၃.၆ %) ရာခိုင်နှုန်း – (၁၄ %) ရာခိုင်နှုန်းနီးပါး ရှိလာတာပါ။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုမှု (၂၇၃၈) ခု ရှိခဲ့ပြီး သေဆုံးမှု (၂၂၁) ကြိမ် ဖြစ်ပွားခဲ့ကြောင့် သေဆုံးမှုနှုန်း (ရာခိုင်နှုန်း) ဟာ (၈.၁ %) ရာခိုင်နှုန်း ရှိနေတာ တွေ့ကြရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ‌လည်း COVID-19 ရောဂါ အတည်ပြုမှု (၃၇၆၄) ခု ရှိခဲ့ပြီး သေဆုံးမှု (၁၇၇) ကြိမ် ဖြစ်ပေါ်ခဲ့တာကြောင့် သေဆုံးမှုနှုန်း (ရာခိုင်နှုန်း) ဟာ (၄.၇ %) ရာခိုင်နှုန်း ရှိနေတာ တွေ့ကြရမှာပါ။

မလေးရှားနိုင်ငံမှာ‌လည်း COVID-19 ရောဂါ အတည်ပြုမှု (၃၉၆၃) ခု ရှိခဲ့ပြီး သေဆုံးမှု (၆၃) ကြိမ် ဖြစ်ပေါ်ခဲ့တာကြောင့် သေဆုံးမှုနှုန်း (ရာခိုင်နှုန်း) ဟာ (၁.၆ % ) ရာခိုင်နှုန်း ရှိနေတာ တွေ့ကြရမှာပါ။

ဒီလိုဖြစ်ပေါ်နေတဲ့ သေဆုံးမှုနှုန်း (ရာခိုင်နှုန်း) တွေမှာ မြန်မာနိုင်ငံက (၁၃.၆ %) ရာခိုင်နှုန်း – (၁၄ %) ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံး အခြေအနေကို ရောက်ရှိခဲ့တာ တွေ့ကြရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၅) ဟာ မတ်လ (၃၁) ရက်နေ့မှာ သေဆုံးခဲ့သလို လူနာအမှတ် (၁၆) နဲ့ (၁၇) တို့ကတော့ ဧပြီလ ၈ ရက်နေ့မှာ အသီးသီး သေဆုံးခဲ့ကြတာဖြစ်ပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ (၂၂) ဦးထဲက (၃) ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)