သေဆုံးသူ လူနာအမှတ် (၁၆) နဲ့ ထိတွေ့ဆက်ဆံမှုရှိသူ ၆၃ ဦး ရှိနေ

0
721

ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၆) နဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့သူ ၆၃ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီအချက်အလက်တွေအရ သူရဲ့ ရောဂါကူးစက်ဖြစ်ပွားမှု ရာဇဝင်ဟာ လက်ရှိ နိုင်ငံအတွင်း ရောဂါကူးစက်မှု ဖြစ်ပွားနေတဲ့ အစုအဖွဲ့အတွေနဲ့ ပတ်သက် ဆက်စပ်မှု မရှိပဲ ကူးစက်မှုခံခဲ့ရတဲ့ အခြေအနေမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ရောဂါစတင်ဖြစ်ပွားမှု မှတ်တမ်းကို ကြည့်ရင် ပြည်ပက ပြန်ရောက်လာတဲ့ သားကို ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့မှုနဲ့ သီတင်း ၂ ပတ် ကြာ အတူနေထိုင်ခဲ့တဲ့ မှတ်တမ်းကိုပဲ တွေ့ကြရတာပါ။

အသက် (၆၃) နှစ်အရွယ် အမျိုးသမီး လူနာ အမှတ် (၁၆) ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီး ဧပြီလ (၁) ရက်နေ့မှာ ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်တဲ့ အချက်အလက်တွေကိုပဲ တွေ့ရှိရတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဓာတ်ခွဲအတည်ပြု လူနာ အမှတ် (၁၆) နဲ့ ထိတွေ့ဆံမှု ၆၃ မှုနဲ့ အကျုံးဝင်မှု ရှိသူတွေကို ဘယ်လို စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို မတွေ့ရသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်နေတာပါ။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဆေးရုံ တွေမှာ သီးသန့် ခွဲခြား စောင့်ကြည့်လူနာ ၃၀၀ နီးပါးနဲ့ နေအိမ်တွေ မှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး စောင့်ကြည့်မှု ပြုနေရသူ ၃၅၀၀ နီးပါး ရှိနေတာတွေ့ရပါတယ်။

ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၆) နဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့သူ ၆၃ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီအချက်အလက်တွေအရ သူရဲ့ ရောဂါကူးစက်ဖြစ်ပွားမှု ရာဇဝင်ဟာ လက်ရှိ နိုင်ငံအတွင်း ရောဂါကူးစက်မှု ဖြစ်ပွားနေတဲ့ အစုအဖွဲ့အတွေနဲ့ ပတ်သက် ဆက်စပ်မှု မရှိပဲ ကူးစက်မှုခံခဲ့ရတဲ့ အခြေအနေမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ရောဂါစတင်ဖြစ်ပွားမှု မှတ်တမ်းကို ကြည့်ရင် ပြည်ပက ပြန်ရောက်လာတဲ့ သားကို ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့မှုနဲ့ သီတင်း ၂ ပတ် ကြာ အတူနေထိုင်ခဲ့တဲ့ မှတ်တမ်းကိုပဲ တွေ့ကြရတာပါ။

အသက် (၆၃) နှစ်အရွယ် အမျိုးသမီး လူနာ အမှတ် (၁၆) ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီး ဧပြီလ (၁) ရက်နေ့မှာ ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်တဲ့ အချက်အလက်တွေကိုပဲ တွေ့ရှိရတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဓာတ်ခွဲအတည်ပြု လူနာ အမှတ် (၁၆) နဲ့ ထိတွေ့ဆံမှု ၆၃ မှုနဲ့ အကျုံးဝင်မှု ရှိသူတွေကို ဘယ်လို စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို မတွေ့ရသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်နေတာပါ။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဆေးရုံ တွေမှာ သီးသန့် ခွဲခြား စောင့်ကြည့်လူနာ ၃၀ဝ နီးပါးနဲ့ နေအိမ်တွေ မှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး စောင့်ကြည့်မှု ပြုနေရသူ ၃၅၀ဝ နီးပါး ရှိနေတာတွေ့ရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)