သေဆုံးသူ လူနာအမှတ် (၁၇) နဲ့ ထိတွေ့ဆက်ဆံမှု ၇၁ ကြိမ်ရှိခဲ့ဟုဆို

0
991

ပြည်မြို့က ပြည်သူ့ဆေးရုံမှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၇) နဲ့ ထိတွေ့ဆံဆက်မှု ၇၁ ကြိမ်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန် တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သူဟာ ဝေဘာကီအထူးကုဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဓာတ်ခွဲ အတည်ပြု လူနာအမှတ် (၁၅) ရဲ့ ထိတွေ့ ဆက်ဆံမှု ရာဇဝင် (၅၂) ခုထဲက တစ်ဦးလို့ ဆိုနိုင်ပြီး ခင်ပွန်းတော်စပ်သူလည်း ဖြစ်နေတာပါ။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်မှာနေထိုင်တဲ့ ဒုတိယအဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲ့ဒီ လူနာအမှတ် (၁၇) ကတဆင့် ထပ်မံ ထိတွေ့ဆံဆက်မှု ၇၁ မှုရှိခဲ့တာပါ။
ဒီထဲမှာတော့ အတူနေ အသက် (၁၀) နှစ်အရွက် သားနဲ့ အသက် (၈) နှစ်အရွယ် သမီးတို့အပြင် အသက် (၁၈) နှစ်အရွယ် တူမဖြစ်သူတို့ကိုပါ ကူးစက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ သိရတဲ့ နောက်ဆုံး သတင်းတွေအရ ရောဂါ ကူးစက်မှုတွေကို ခံစားနေရပြီး ကျန်ခဲ့တဲ့ ကလေး ငယ်တွေကို မိခင်ဖြစ်သူရဲ့ တောင်းဆိုမှုတွေအရ ရန်ကုန်ဝေဘာကီဆေးရုံကို ပြောင်းရွှေ့ပြီး ဆေးဝါးကုသမှုတွေ ပေးသွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာတော့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၇) ရဲ့ ထိတွေ့ဆံမှု ၇၁ မှုနဲ့ အကျုံးဝင်သူတွေကို ဘယ်လို စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို တော့ မတွေ့ရသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်နေတာပါ။

ဒါပေမယ့် သူနေထိုင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတွေမှာတော့ သီးသန့်ခွဲခြား စောင့်ကြည့်လူနာ ၆၀ နဲ့ နေအိမ်တွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး စောင့်ကြည့်မှု ပြုနေရသူ ၉၀၀၀ နီးပါး ရှိနေတာတွေ့ရပါတယ်။

ပြည်မြို့က ပြည်သူ့ဆေးရုံမှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၇) နဲ့ ထိတွေ့ဆံဆက်မှု ၇၁ ကြိမ်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန် တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သူဟာ ဝေဘာကီအထူးကုဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဓာတ်ခွဲ အတည်ပြု လူနာအမှတ် (၁၅) ရဲ့ ထိတွေ့ ဆက်ဆံမှု ရာဇဝင် (၅၂) ခုထဲက တစ်ဦးလို့ ဆိုနိုင်ပြီး ခင်ပွန်းတော်စပ်သူလည်း ဖြစ်နေတာပါ။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်မှာနေထိုင်တဲ့ ဒုတိယအဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲ့ဒီ လူနာအမှတ် (၁၇) ကတဆင့် ထပ်မံ ထိတွေ့ဆံဆက်မှု ၇၁ မှုရှိခဲ့တာပါ။
ဒီထဲမှာတော့ အတူနေ အသက် (၁၀) နှစ်အရွက် သားနဲ့ အသက် (၈) နှစ်အရွယ် သမီးတို့အပြင် အသက် (၁၈) နှစ်အရွယ် တူမဖြစ်သူတို့ကိုပါ ကူးစက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ သိရတဲ့ နောက်ဆုံး သတင်းတွေအရ ရောဂါ ကူးစက်မှုတွေကို ခံစားနေရပြီး ကျန်ခဲ့တဲ့ ကလေး ငယ်တွေကို မိခင်ဖြစ်သူရဲ့ တောင်းဆိုမှုတွေအရ ရန်ကုန်ဝေဘာကီဆေးရုံကို ပြောင်းရွှေ့ပြီး ဆေးဝါးကုသမှုတွေ ပေးသွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာတော့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၇) ရဲ့ ထိတွေ့ဆံမှု ၇၁ မှုနဲ့ အကျုံးဝင်သူတွေကို ဘယ်လို စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို တော့ မတွေ့ရသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်နေတာပါ။

ဒါပေမယ့် သူနေထိုင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတွေမှာတော့ သီးသန့်ခွဲခြား စောင့်ကြည့်လူနာ ၆၀ နဲ့ နေအိမ်တွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး စောင့်ကြည့်မှု ပြုနေရသူ ၉၀ဝ၀ နီးပါး ရှိနေတာတွေ့ရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)