လူနာအမှတ် (၁၆) နှလုံးသွေးကြောပိတ်မှုကြောင့် နှလုံးကြွက်သားပုပ်ပြီး သေဟုဆို

0
262

ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၆) အသက် (၆၃) နှစ်အရွယ် အမျိုးသမီးဟာ ရုတ်တရက် နှလုံးသွေးကြောပိတ်မှုကြေင့် နှလုံးကြွက်သားပုပ်ပြီး သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သူဟာ ပြင်းထန် အဆုတ်ရောင်ရောဂါအပြင် မျိုးအစား (၂) ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံတွေကြောင့် သေဆုံးခဲ့တာလို့ အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

ဧပြီလ ၁ ရက်နေ့မှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့သူ လူနာအမှတ် (၁၆) ကို အဲ့ဒီနေ့ကစပြီး ဆီးချိုရောဂါအခံ ရှိတာကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီးက အထူးကြပ်မတ်ကုသခန်း ICU မှာ ပြောင်းရွှေ့ ကုသခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဆေးကုသမှုပေးနေစဉ် လူနာရဲ့ အခြေအနေဟာ ဧပြီလ (၂) ရက်က စတင်ပြီး ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပြီး အပြင်းဖျားမှု၊ သတိကောင်းစွာမရတာ၊ သွေးပေါင်ချိန် ကျဆင်းမှုစတဲ့ အခြေအနေ တွေဖြစ်ပေါ်ခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးတွေ ပါဝင်သောအဖွဲ့က ဆေးဝါးကုသမှု လုပ်ငန်း တွေကို ဆောင်ရွက်ပေးခဲ့ကြတာပါ။

ဒါပေမယ့် လူနာရဲ့ အခြေအနေ သက်သာလာမှုမရှိဘဲ ဧပြီလ ၈ ရက်နေ့ မနက် (၁၀ နာရီ ၀၅ မိနစ်) အချိန်မှာ သေဆုံးခဲ့တဲ့ အကြောင်း အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သေဆုံးခဲ့တဲ့ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၆) အသက် (၆၃) နှစ်အရွယ် အမျိုးသမီးဟာ ရုတ်တရက် နှလုံးသွေးကြောပိတ်မှုကြေင့် နှလုံးကြွက်သားပုပ်ပြီး သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သူဟာ ပြင်းထန် အဆုတ်ရောင်ရောဂါအပြင် မျိုးအစား (၂) ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံတွေကြောင့် သေဆုံးခဲ့တာလို့ အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

ဧပြီလ ၁ ရက်နေ့မှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့သူ လူနာအမှတ် (၁၆) ကို အဲ့ဒီနေ့ကစပြီး ဆီးချိုရောဂါအခံ ရှိတာကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီးက အထူးကြပ်မတ်ကုသခန်း ICU မှာ ပြောင်းရွှေ့ ကုသခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဆေးကုသမှုပေးနေစဉ် လူနာရဲ့ အခြေအနေဟာ ဧပြီလ (၂) ရက်က စတင်ပြီး ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပြီး အပြင်းဖျားမှု၊ သတိကောင်းစွာမရတာ၊ သွေးပေါင်ချိန် ကျဆင်းမှုစတဲ့ အခြေအနေ တွေဖြစ်ပေါ်ခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးတွေ ပါဝင်သောအဖွဲ့က ဆေးဝါးကုသမှု လုပ်ငန်း တွေကို ဆောင်ရွက်ပေးခဲ့ကြတာပါ။

ဒါပေမယ့် လူနာရဲ့ အခြေအနေ သက်သာလာမှုမရှိဘဲ ဧပြီလ ၈ ရက်နေ့ မနက် (၁၀ နာရီ ဝ၅ မိနစ်) အချိန်မှာ သေဆုံးခဲ့တဲ့ အကြောင်း အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)