COVID-19 အလှူငွေနှင့် စက်ပစ္စည်းများအား ICU အဆင့်မြှင့်တင်ရေးများတွင် အသုံးပြုမည်

0
43

အလှူရှင်တွေက လှူဒါန်းတဲ့ လှူဒါန်းငွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို အသုံးပြုပြီး အထူးကြပ်မတ် ကုသဆောင် ICU တွေကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်လို့ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို အလှူဒါန်းတဲ့ အလှူငွေနဲ့ အလှူပစ္စည်းတွေကို လက်ခံတဲ့ ဧပြီလ (၈) ရက်နေ့ အခမ်းအနားမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လှူဒါန်းမှုတွေကို ဆေးရုံ အသီးသီးက အထူးကြပ်မတ် ကုသဆောင် ICU တွေကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွာဖြစ်တာကြောင့် COVID-19 လူနာတွေ အတွက်သာမက နောင်ကာလတွေမှာ အထူးကြပ်မတ် ကုသဆောင် ICU တွေမှာ ထားရှိကုသရမယ့် အခြား လူနာတွေ အတွက်လည်း များစွာအကျိုးပြုနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆေးရုံကြီးအဆင့်တွေမှာပဲ အထူးကြပ်မတ် ကုသဆောင် ICU တွေ ရှိနေတာပါ။ အဲ့ဒီလို ရှိနေတဲ့ ICU တွေမှာ ည်း တပြိုင်တည်း လူနာ ၂ ယောက်လောက်ကိုသာ ကြပ်မတ်ကုသ နိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။

ဒါ့အပြင် အထူးကြပ်မတ်ကုသမှု လုပ်ငန်းစဉ်မှာ အရေးအပါ ဆုံးဖြစ်တဲ့ မေ့ဆေးဆရာဝန်နဲ့ အထူးကြပ်မတ်ကုသမှု အတွက်သီး သန့် အထူးပြု လေ့ကျင့်ပေးထားတဲ့ သူနာပြုတွေလည်း နိုင်ငံတ ဝှမ်းရှိ ဆေးရုံကြီးအသီးသီးမှာ လိုအပ်နေတာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)