တရုတ်အစိုးရ လှူဒါန်းတဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ ဆေးပညာရှင်အဖွဲ့ ရောက်ရှိ

0
148

မြန်မာနိုင်ငံက (COVID-19) ရောဂါကာကွယ်ရေး အတွက် တရုတ်အစိုးရက ကူညီလှူဒါန်းတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာပဲ စတင် ရောက်ရှိလာပြီဖြစ်ပါတယ်။

ကူညီလှူဒါန်းလိုက်တဲ့ ပစ္စည်းတွေမှာတော့ ရောဂါကာကွယ် ရေး ဆေးဘက်ဆိုင်ရာမျက်နှာဖုံး ၈၅၀၀၊ တစ်ခါသုံးဆေးမျက်နှာဖုံး ၆၀,၀၀၀၊ အကာအကွယ်ဝတ်ရုံ PPE ၅၅၀၀ နဲ့အတူ (ကိုဗစ်-၁၉) ရောဂါ စမ်းသပ်ရှာဖွေရေး စ္စည်းတွေအပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ပစ္စည်း ၅.၃ တန် ပါဝင်လာတာပါ။

ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့မှာတော့ အသက် ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ ပြင်းထန် ကူးစက်ရောဂါဆိုင်ရာအပါဝင် သူနာပြုဆိုင်ရာ၊ ရောဂါရှာဖွေစမ်းသပ်ရေးဆိုင်ရာ ကျမ်းကျင်ပညာ ရှင်တွေနဲ့အတူ တရုတ်ရိုးရာ ဆေးပညာ ကျွမ်းကျင်သူတွေ ဆေးပညာနယ်ပယ် အသီးသီးက ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင် လာတာဖြစ်ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံမှာ ၁၅ ရက် နေထိုင်ပြီး မြန်မာ အစိုးရက ဖွဲ့စည်းထားတဲ့ COVID019 ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ကုသရေးဆိုင်ရာ ကော်မရှင်တွေနဲ့အတူ အလုပ်တွဲဖက်လုပ်ကိုင်ကာ အတွေ့အကြုံတွေကို မျှဝေဖို့ ရှိနေတာပါ။

ဒီအဖွဲ့ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရု တ်သံအမတ်ကြီးတို့က ရန်ကုန်အပြည်ပြည်လေဆိပ်မှာ ကြိုဆိုခဲ့ ကြတာဖြစ်ပါတယ်။

COVID-19 ရောဂါကို တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ အတွေ့အကြုံတွေ ရှိတာကြောင့် တရုတ် ပညာရှင်တွေဆီက တဆင့် အတွေ့အကြုံတွေကို သင်ယူသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီး ဦးမြင့်ထွေးက ပြောပါတယ်။



မြန်မာနိုင်ငံက (COVID-19) ရောဂါကာကွယ်ရေး အတွက် တရုတ်အစိုးရက ကူညီလှူဒါန်းတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ နဲ့အတူ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာပဲ စတင် ရောက်ရှိလာပြီဖြစ်ပါတယ်။

ကူညီလှူဒါန်းလိုက်တဲ့ ပစ္စည်းတွေမှာတော့ ရောဂါကာကွယ် ရေး ဆေးဘက်ဆိုင်ရာမျက်နှာဖုံး ၈၅၀ဝ၊ တစ်ခါသုံးဆေးမျက်နှာဖုံး ၆၀,ဝဝဝ၊ အကာအကွယ်ဝတ်ရုံ PPE ၅၅၀ဝ နဲ့အတူ (ကိုဗစ်-၁၉) ရောဂါ စမ်းသပ်ရှာဖွေရေး စ္စည်းတွေအပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ပစ္စည်း ၅.၃ တန် ပါဝင်လာတာပါ။

ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့မှာတော့ အသက် ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ ပြင်းထန် ကူးစက်ရောဂါဆိုင်ရာအပါဝင် သူနာပြုဆိုင်ရာ၊ ရောဂါရှာဖွေစမ်းသပ်ရေးဆိုင်ရာ ကျမ်းကျင်ပညာ ရှင်တွေနဲ့အတူ တရုတ်ရိုးရာ ဆေးပညာ ကျွမ်းကျင်သူတွေ ဆေးပညာနယ်ပယ် အသီးသီးက ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင် လာတာဖြစ်ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံမှာ ၁၅ ရက် နေထိုင်ပြီး မြန်မာ အစိုးရက ဖွဲ့စည်းထားတဲ့ COVID019 ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ကုသရေးဆိုင်ရာ ကော်မရှင်တွေနဲ့အတူ အလုပ်တွဲဖက်လုပ်ကိုင်ကာ အတွေ့အကြုံတွေကို မျှဝေဖို့ ရှိနေတာပါ။

ဒီအဖွဲ့ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရု တ်သံအမတ်ကြီးတို့က ရန်ကုန်အပြည်ပြည်လေဆိပ်မှာ ကြိုဆိုခဲ့ ကြတာဖြစ်ပါတယ်။

COVID-19 ရောဂါကို တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ အတွေ့အကြုံတွေ ရှိတာကြောင့် တရုတ် ပညာရှင်တွေဆီက တဆင့် အတွေ့အကြုံတွေကို သင်ယူသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီး ဦးမြင့်ထွေးက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)