မဂၤလာေစ်းေဆာက္မယ္ကိစၥ ကန္ထရုိတ္ ေျမညီထပ္ယူမွာကို ေစ်းသူ/သားေတြ ကန္႔ကြက္ (႐ုပ္/သံ)

0
849

အဆင့္ျမင့္မဂၤလာေဈး ျပန္လည္တည္ေဆာက္မယ့္ ေဆာက္လုပ္ေရးကုမၸဏီက ေျမညီထပ္ရယူမွာကို ေဈးသူ/ ေဈးသားေတြက လက္မခံတဲ႔အေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရန္ကုန္ျမိဳ႕က အဆင့္ျမင့္မဂၤလာေဈးသစ္ ျပန္လည္တည္ေဆာက္ရင္ ၁၅ ထပ္ေဆာက္လုပ္မွာျဖစ္ၿပီး ေျမညီထပ္ကို ေဆာက္လုပ္ေရးကုမၸဏီက ရယူမယ္လို႔ သတင္းေတြထြက္ေပၚေနတာ ျဖစ္ပါတယ္။

အဲဒီလို ေဆာက္လုပ္ေရးကုမၸဏီက ေျမညီထပ္ကိုရယူၿပီး မဂၤလာေဈးက ေဈးသူ/ေဈးသားေတြကို ပထမထပ္က စကာ ျပန္လည္ေနရာခ်ထားေပးမွာျဖစ္တဲ႔အတြက္ ေဈးသူ/ေဈးသားေတြက လက္မခံႏိုင္တဲ႔အေၾကာင္း မတ္လ ၉ ရက္ေန႔က မဂၤလာေဈးဓမၼာရုံမွာ ေဈးသူ/ေဈးသား ေတြစုေပါင္းၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite – ေဒၚအုန္းျမင့္ (အဖြဲ႔ဝင္) အဆင့္ျမင့္မဂၤလာေဈးျပန္လည္တည္ေဆာက္ေရးႏွင့္သာယာေရးအဖြဲ႔

ရန္ကုန္ျမိဳ႕က အဆင့္ျမင့္ မဂၤလာေဈးမီးေလာင္ခဲ႔တာ ၂ ႏွစ္ေက်ာ္ၾကာရွိေပမယ့္ အခုခ်ိန္အထိ အသစ္ျပန္လည္ တည္ေဆာက္ မယ့္အေျခအေနမေတြ႔တာေၾကာင့္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံေမးျမန္းခဲ႔ရာမွာလည္း တိက်တဲ႔အေျဖမရရွိခဲ႔ဘူးလို႔ မဂၤလာေဈး ေဈးသူ/ေဈးသားေတြက ေျပာပါတယ္။

Soundbite – ဦးဝင္းေမာင္ (အဖြဲ႔ဝင္) အဆင့္ျမင့္မဂၤလာေဈးျပန္လည္တည္ေဆာက္ေရးႏွင့္သာယာေရးအဖြဲ႔

မဂၤလာေဈး ေဈးသူ/ေဈးသားေတြအေနနဲ႔ ေဈးဆိုင္ခန္းေနရာခ်ထားမယ့္ကိစၥကို အဆင့္ျမင့္မဂၤလာေဈး ျပန္လည္တည္ေဆာက္မယ့္ ေဆာက္လုပ္ေရး ကုမၸဏီနဲ႔ ေတြ႔ဆုံေဆြးေႏြးလိုေပမယ့္ အခုအခ်ိန္အထိ ေတြ႔ခြင့္ မရေသးတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆင့်မြင့်မင်္ဂလာဈေး ပြန်လည်တည်ဆောက်မယ့် ဆောက်လုပ်ရေးကုမ္ပဏီက မြေညီထပ်ရယူမှာကို ဈေးသူ/ ဈေးသားတွေက လက်မခံတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့က အဆင့်မြင့်မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရင် ၁၅ ထပ်ဆောက်လုပ်မှာဖြစ်ပြီး မြေညီထပ်ကို ဆောက်လုပ်ရေးကုမ္ပဏီက ရယူမယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အဲဒီလို ဆောက်လုပ်ရေးကုမ္ပဏီက မြေညီထပ်ကိုရယူပြီး မင်္ဂလာဈေးက ဈေးသူ/ဈေးသားတွေကို ပထမထပ်က စကာ ပြန်လည်နေရာချထားပေးမှာဖြစ်တဲ့အတွက် ဈေးသူ/ဈေးသားတွေက လက်မခံနိုင်တဲ့အကြောင်း မတ်လ ၉ ရက်နေ့က မင်္ဂလာဈေးဓမ္မာရုံမှာ ဈေးသူ/ဈေးသား တွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite – ဒေါ်အုန်းမြင့် (အဖွဲ့ဝင်) အဆင့်မြင့်မင်္ဂလာဈေးပြန်လည်တည်ဆောက်ရေးနှင့်သာယာရေးအဖွဲ့

ရန်ကုန်မြို့က အဆင့်မြင့် မင်္ဂလာဈေးမီးလောင်ခဲ့တာ ၂ နှစ်ကျော်ကြာရှိပေမယ့် အခုချိန်အထိ အသစ်ပြန်လည် တည်ဆောက် မယ့်အခြေအနေမတွေ့တာကြောင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာလည်း တိကျတဲ့အဖြေမရရှိခဲ့ဘူးလို့ မင်္ဂလာဈေး ဈေးသူ/ဈေးသားတွေက ပြောပါတယ်။

Soundbite – ဦးဝင်းမောင် (အဖွဲ့ဝင်) အဆင့်မြင့်မင်္ဂလာဈေးပြန်လည်တည်ဆောက်ရေးနှင့်သာယာရေးအဖွဲ့

မင်္ဂလာဈေး ဈေးသူ/ဈေးသားတွေအနေနဲ့ ဈေးဆိုင်ခန်းနေရာချထားမယ့်ကိစ္စကို အဆင့်မြင့်မင်္ဂလာဈေး ပြန်လည်တည်ဆောက်မယ့် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးလိုပေမယ့် အခုအချိန်အထိ တွေ့ခွင့် မရသေးတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)