ဦးကိုနီအမႈ တရားခံအေနနဲ႔ ခုခံေရးလမ္းေၾကာင္းကို ေျပာင္းလာတယ္လို႔ တရားလိုေရွ႕ေန ေျပာ

0
876

ေရွ႕ေနဦးကိုနီကုိ ေသနတ္နဲ႔ ၾကည္လင္း ခ်ိန္ရြယ္ထားတဲ့ ဓာတ္ပုံဟာ CCTV မွတ္တမ္းေတြအရ မဟုတ္ဘဲ ႀကိဳတင္ႀကံစည္ၿပီး ႐ိုက္ထားတဲ့ တစ္စုံတစ္ဦးရဲ႕ ဓာတ္ပုံေတြသာ ျဖစ္တယ္လို႔ တရားခံေရွ႕ေနဘက္က ေျပာဆုိခဲ့တာဟာ တရားခံအေနနဲ႔ ခုခံေရးလမ္းေၾကာင္းကို ေျပာင္းလာတာ ျဖစ္တယ္လို႔ တရားလိုေရွ႕ေနက ေျပာပါတယ္။

ဒီေန႔ မတ္လ ၉ ရက္ေန႔က ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္ တရားရုံးမွာ ဦးကိုနီကုိ လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့ တရားခံ ၾကည္လင္း အပါအဝင္ ဆက္စပ္တရားခံေတြျဖစ္တဲ့ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းေဇာ္နဲ႔ ပုဒ္မ ၂၁၂ နဲ႔ အာမခံရရွိထားတဲ့ ေအာင္ဝင္းထြန္းတုိ႔ကုိ ၄၈ ႀကိမ္ေျမာက္ ႐ံုးထုတ္ခဲ့တာ ျဖစ္ပါတယ္။

ေလဆိပ္ရဲ႕ တာဝန္ရွိသူေတြသာ သြားလာလို႔ရတဲ့ ေနရာက ႐ိုက္တယ္ဆုိၿပီး ေျပာေနတယ္ဆုိေတာ့ တရားခံ အေနနဲ႔ ခုခံေရးလမ္းေၾကာင္းကို ေျပာင္းလာတယ္လို႔၊ ေနာက္တစ္ခုက တကယ္ အျဖစ္မွန္ကုိ အခုခ်ိန္က်မွ ေဖာ္ထုတ္ေနတာလားလုိ႔ တရားလိုေရွ႕က ေျပာပါတယ္။

ၾကည္လင္း အပါအဝင္ အမႈမွာ ပါဝင္ပက္သက္သူေတြကုိ ေအာင္ဝင္းေဇာ္၊ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းထြန္း၊ ေအာင္ဝင္းခုိင္ တုိ႔ကုိလည္း ၃၀၂/၃၄ /၂၁၂ ျပစ္မႈႀကီး အမွတ္ ၄၅/ ၂၀၁၇ နဲ႔ တရားစြဲဆုိထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးကိုနီအမှု တရားခံအနေနဲ့ ခုခံရေးလမ်းကြောင်းကို ပြောင်းလာတယ်လို့ တရားလိုရှေ့နေ ပြော

ရှေ့နေဦးကိုနီကို သေနတ်နဲ့ ကြည်လင်း ချိန်ရွယ်ထားတဲ့ ဓာတ်ပုံဟာ CCTV မှတ်တမ်းတွေအရ မဟုတ်ဘဲ ကြိုတင်ကြံစည်ပြီး ရိုက်ထားတဲ့ တစ်စုံတစ်ဦးရဲ့ ဓာတ်ပုံတွေသာ ဖြစ်တယ်လို့ တရားခံရှေ့နေဘက်က ပြောဆိုခဲ့တာဟာ တရားခံအနေနဲ့ ခုခံရေးလမ်းကြောင်းကို ပြောင်းလာတာ ဖြစ်တယ်လို့ တရားလိုရှေ့နေက ပြောပါတယ်။

ဒီနေ့ မတ်လ ၉ ရက်နေ့က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ကြည်လင်း အပါအဝင် ဆက်စပ်တရားခံတွေဖြစ်တဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ ပုဒ်မ ၂၁၂ နဲ့ အာမခံရရှိထားတဲ့ အောင်ဝင်းထွန်းတို့ကို ၄၈ ကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

လေဆိပ်ရဲ့ တာဝန်ရှိသူတွေသာ သွားလာလို့ရတဲ့ နေရာက ရိုက်တယ်ဆိုပြီး ပြောနေတယ်ဆိုတော့ တရားခံ အနေနဲ့ ခုခံရေးလမ်းကြောင်းကို ပြောင်းလာတယ်လို့၊ နောက်တစ်ခုက တကယ် အဖြစ်မှန်ကို အခုချိန်ကျမှ ဖော်ထုတ်နေတာလားလို့ တရားလိုရှေ့က ပြောပါတယ်။

ကြည်လင်း အပါအဝင် အမှုမှာ ပါဝင်ပက်သက်သူတွေကို အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင် တို့ကိုလည်း ၃၀၂/၃၄ /၂၁၂ ပြစ်မှုကြီး အမှတ် ၄၅/ ၂၀၁၇ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)