လူသားထုတစ္ရပ္လံုးအေနနဲ႔ အမ်ိဳးသမီးအခြင္႔အေရး ေတြကို ေလးစားလိုက္နာၾကဖို႔လိုအပ္ (႐ုပ္/သံ)

0
830

အမ်ိဳးသမီးေတြရဲ႕ ဘ၀ေတြ လံုျခံဳစိတ္ခ်ရဖို႔အတြက္ လူသားထုတစ္ရပ္လံုးအေနနဲ႔ အမ်ိဳးသမီးအခြင္႔အေရး ေတြကို ေလးစားလိုက္နာၾကဖို႔လိုအပ္ေနတာပါ။ ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

သက္ငယ္မုဒိန္းျဖစ္ပြားမႈေတြကို ကာကြယ္ႏိုင္ဖို႔နဲ႔ အမ်ိဳးသမီးေတြရဲ႕ဘ၀ေတြ လံုျခံဳစိတ္ခ်ရဖို႔အတြက္ လူသားထုတစ္ရပ္လံုးအေနနဲ႔ အမ်ိဳးသမီးေတြရဲ႕အခြင္႔အေရးေတြနဲ႔ ကေလးသူငယ္အခြင္႔အေရးေတြကို ေလးစားလိုက္နာဖို႔ လိုအပ္ေနတယ္လို႔ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္ စာေရးဆရာမ သန္းျမင္႔ေအာင္ကေျပာ ပါတယ္။

မတ္လ(၈)ရက္ေန႔က ရန္ကုန္ျမိဳ႕ သခင္ျမပန္းျခံမွာျပဳလုပ္ခဲ႔တဲ႔ အျပည္ျပည္ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနားမွာ အခုလိုေျပာဆိုခဲ႔တာပါ။

Soundbite – စာေရးဆရာမသန္းျမင္႔ေအာင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္

လက္ရွိ သက္ငယ္မုဒိန္းမႈေတြျဖစ္ပြားေစႏိုင္တဲ႔ လူအသိစိတ္ေပ်ာက္ဆံုးႏိုင္တဲ႔အထိ စိတ္ကိုေျပာင္းလဲ ေစတဲ႔ တရားမ၀င္ေဆး၀ါးေတြဟာ အမ်ိဳးသားထုအတြင္းပ်ံ႕နွံေနတာေၾကာင္႕ တရားဥပေဒအရထိေရာက္စြာ အေရးယူေဆာင္ရြက္ႏိုင္ဖို႔လည္း လိုအပ္ေနတာပါ။

Soundbite – စာေရးဆရာမသန္းျမင္႔ေအာင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္

ျပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ အသက္(၁၆)ႏွစ္ေအာက္ သက္ငယ္မုဒိန္းမႈ (၈၉၇)မႈ၊ အသက္(၁၆)ႏွစ္အထက္ မုဒိန္းမႈ(၅၀၈)မႈျဖစ္ပြားခဲ႔ျပီး စုစုေပါင္း(၁၄၀၅)မႈ ျဖစ္ပြားခဲ႔ပါတယ္။ လြန္ခဲ့တဲ့၂၀၁၆ ခုႏွစ္ထက္ ၂၀၁၇ ခုႏွစ္မွာ မုဒိန္းမႈေပါင္း(၃၀၅)မႈ တိုးလာခဲ့တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေရဲ့ ဘဝတွေ လုံခြုံစိတ်ချရဖို့အတွက် လူသားထုတစ်ရပ်လုံးအနေနဲ့ အမျိုးသမီးအခွင့်အရေး တွေကို လေးစားလိုက်နာကြဖို့လိုအပ်နေတာပါ။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

သက်ငယ်မုဒိန်းဖြစ်ပွားမှုတွေကို ကာကွယ်နိုင်ဖို့နဲ့ အမျိုးသမီးတွေရဲ့ဘဝတွေ လုံခြုံစိတ်ချရဖို့အတွက် လူသားထုတစ်ရပ်လုံးအနေနဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လိုအပ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ သန်းမြင့်အောင်ကပြော ပါတယ်။

မတ်လ(၈)ရက်နေ့က ရန်ကုန်မြို့ သခင်မြပန်းခြံမှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာပါ။

Soundbite – စာရေးဆရာမသန်းမြင့်အောင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်

လက်ရှိ သက်ငယ်မုဒိန်းမှုတွေဖြစ်ပွားစေနိုင်တဲ့ လူအသိစိတ်ပျောက်ဆုံးနိုင်တဲ့အထိ စိတ်ကိုပြောင်းလဲ စေတဲ့ တရားမဝင်ဆေးဝါးတွေဟာ အမျိုးသားထုအတွင်းပျံ့နှံနေတာကြောင့် တရားဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့လည်း လိုအပ်နေတာပါ။

Soundbite – စာရေးဆရာမသန်းမြင့်အောင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက်(၁၆)နှစ်အောက် သက်ငယ်မုဒိန်းမှု (၈၉၇)မှု၊ အသက်(၁၆)နှစ်အထက် မုဒိန်းမှု(၅၀၈)မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း(၁၄၀၅)မှု ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်မှာ မုဒိန်းမှုပေါင်း(၃၀၅)မှု တိုးလာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)