ေမာင္ေတာၿမိဳ႕မွာ က်ပ္သိန္း ၃၂၀၀၀ ေက်ာ္ တန္ဖုိးရွိ မူးယစ္ေဆးေတြ ဖမ္းမိ

0
892

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ ေငြက်ပ္သိန္းေပါင္း ၃၂ဝဝဝ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ သိမ္းဆည္းရမိတယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ ေရႊဇားေက်းရြာအုပ္စု၊ ေစတီျပင္ေက်းရြာေန ေဆြဒူလာမိန္ရဲ႕ ေနအိမ္မွာ မူးယစ္ေဆးဝါးေတြ သုိေလွာင္ထားတယ္လို႔ သတင္းအရ ရွာေဖြခ်ိန္မွာ ေဆြဒူလာမိန္ကို မေတြ႔ရွိရဘဲ သူ႔ေနအိမ္နဲ႔ တစ္အိမ္ေက်ာ္က လူမေနနထုိင္တဲ့ ေဒၚဇူရာဘီရဲ႕ ေနအိမ္အတြင္းကေန အနက္ေရာင္ ပလတ္စတစ္အိတ္နဲ႔ ထုပ္ထားတဲ့ WY စာတန္းပါ ပန္းေရာင္ စိတ္ႂကြေဆးျပား ၁၃၁၆၂၅ဝ ျပား (ခန္႔မွန္း တန္ဖိုးေငြက်ပ္ သိန္းေပါင္း ၂၆၃၂၅) ကို သိမ္းဆည္းခဲ့ပါတယ္။

ဒါ့အျပင္ ပြင့္ျဖဴေခ်ာင္းေက်းရြာအနီး လုံၿခံဳေရး ေဆာင္ရြက္ေနတဲ့ တပ္ဖြဲ႔ဝင္ေတြက မတ္ ၇ ရက္မွာ ပြင့္ျဖဴေခ်ာင္း ေက်းရြာဘက္ကေန ဦးရွည္က် ေက်းရြာဘက္ကို လမ္းေလွ်ာက္လာတဲ့ မသကၤာဖြယ္ ဘဂၤါလီ ၂ ဦးကို ေတြ႔ရွိတဲ့အတြက္ စစ္ေဆးဖို႔ ရပ္တန္႔ခုိင္းခ်ိန္မွာ အဲဒီ လူႏွစ္ဦးက ပါလာတဲ့ ေက်ာပုိးအိတ္၂ လံုးကို ပစ္ခ်ထြက္ေျပးသြားခဲ့ပါတယ္။

အဲဒီ ေက်ာပိုးအိတ္ေတြထဲမွာ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြေဆးျပား ၂၈၅ဝဝဝ ျပား (ခန္႔မွန္းတန္ဖိုးေငြက်ပ္ သိန္းေပါင္း ၅၇ဝဝ) ကို ေတြ႔ရွိသိမ္းဆည္း ရမိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့မှာ ကျပ်သိန်း ၃၂၀ဝ၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၃၂ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာနေ ဆွေဒူလာမိန်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားတယ်လို့ သတင်းအရ ရှာဖွေချိန်မှာ ဆွေဒူလာမိန်ကို မတွေ့ရှိရဘဲ သူ့နေအိမ်နဲ့ တစ်အိမ်ကျော်က လူမနေနထိုင်တဲ့ ဒေါ်ဇူရာဘီရဲ့ နေအိမ်အတွင်းကနေ အနက်ရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၃၁၆၂၅ဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၆၃၂၅) ကို သိမ်းဆည်းခဲ့ပါတယ်။

ဒါ့အပြင် ပွင့်ဖြူချောင်းကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မတ် ၇ ရက်မှာ ပွင့်ဖြူချောင်း ကျေးရွာဘက်ကနေ ဦးရှည်ကျ ကျေးရွာဘက်ကို လမ်းလျှောက်လာတဲ့ မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦးကို တွေ့ရှိတဲ့အတွက် စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန်မှာ အဲဒီ လူနှစ်ဦးက ပါလာတဲ့ ကျောပိုးအိတ်၂ လုံးကို ပစ်ချထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီ ကျောပိုးအိတ်တွေထဲမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၈၅ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅၇ဝဝ) ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)