
0
858




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးပါမောက္ခ အကျဉ်းထောင်က ပြန်လွတ်

၂၀၁၆ ခုနှစ် ဧပြီလက အမေရိကန် သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့အတွက် ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိပျက်စေမှု ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် ချမှတ်ခံရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ဦးပါမောက္ခဟာ မနှစ်က နိုဝင်ဘာလမှာ လယ်ယာမြေကိစ္စ ဆန္ဒပြခွင့်ပြုဖို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက်ပုံစံ လာရောက်တောင်းယူစဉ် ဝရမ်းဟောင်းအရ လူဝတ်လဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၉ ရက်နေ့မှာ အင်းစိန်ဗဟိုထောင်ကနေ ပြန်လွတ်လာတာဖြစ်ပြီး သူ့ကို ထောက်ခံသူတွေက လာရောက်ကြိုဆိုကာ ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမြော်ကပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)