အမ်ိဳးသားရင္ၾကားေစ့ေရးကို လုပ္ေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ဗီယက္နမ္ ေျပာ

0
881

ျမန္မာႏိုင္ငံအေနနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ သဟဇာတျဖစ္ေရးကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ဗီယက္နမ္ အမ်ိဳးသား အေထြေထြညီလာခံ ဥကၠ႒ မစၥ ငုယင္ သီ ကင္မ္ ဂန္က ေျပာပါတယ္။

ဗီယက္ႏို္င္ငံ၊ ဟႏြိဳင္းၿမိဳ႕ကို ေရာက္ရွိေနတဲ့ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယ ဥကၠ႒ ဦးေအးသာေအာင္နဲ႔ မေန႔က မတ္လ ၈ ရက္ေန႔မွာ ေတြ႔ဆံုစဥ္ ဥကၠ႒ မစၥ ငုယင္ သီ ကင္မ္ ဂန္က အခုလို ေျပာတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ မၾကားေသးခင္က လူမႈ စီးပြားေရး တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မႈကိုလည္း ဂုဏ္ယူေၾကာင္း သူက ေျပာပါတယ္။

ဗီယက္နမ္ ညီလာခံနဲ႔ ျမန္မာလႊတ္ေတာ္တို႔ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး တိုးတက္မႈအတြက္ ဝမ္းေျမာက္ေၾကာင္းလည္း ဥကၠ႒ မစၥ ငုယင္ သီ ကင္မ္ ဂန္က ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းကလည္း ျပည္ေထာင္စု လႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္းလည္း ဗီယက္နမ္ကို အလည္အပတ္ ေရာက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗီယက်နမ် ပြော

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗီယက်နမ် အမျိုးသား အထွေထွေညီလာခံ ဥက္ကဋ္ဌ မစ္စ ငုယင် သီ ကင်မ် ဂန်က ပြောပါတယ်။

ဗီယက်နိ်ုင်ငံ၊ ဟနွိုင်းမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ မနေ့က မတ်လ ၈ ရက်နေ့မှာ တွေ့ဆုံစဉ် ဥက္ကဋ္ဌ မစ္စ ငုယင် သီ ကင်မ် ဂန်က အခုလို ပြောတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မကြားသေးခင်က လူမှု စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မှုကိုလည်း ဂုဏ်ယူကြောင်း သူက ပြောပါတယ်။

ဗီယက်နမ် ညီလာခံနဲ့ မြန်မာလွှတ်တော်တို့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုအတွက် ဝမ်းမြောက်ကြောင်းလည်း ဥက္ကဋ္ဌ မစ္စ ငုယင် သီ ကင်မ် ဂန်က ပြောပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းလည်း ဗီယက်နမ်ကို အလည်အပတ် ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)