ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းအနီး ေတာမီးေလာင္

0
879

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္အနီး ေကာက္ဘဇားၿမိဳ႕၊ တကၠနပ္ဖ္ရွိ မြတ္စလင္ ဒုကၡသည္စခန္းအနီး သစ္ေတာႀကိဳးဝိုင္းမွာ မီးေလာင္လို႔ မီးသတ္တပ္ဖြဲ႔က ၄ နာရီၾကာ မီးၿငိႇမ္းသတ္ခဲ့ရပါတယ္။

ေတာမီးဟာ မေန႔က မတ္လ ၈ ရက္ေန႔မွာ ေလာင္တာျဖစ္ၿပီး ပ်က္ဆီး ဆံုး႐ံႈးမႈ ပမာဏာကို မသိရေသးေၾကာင္းနဲ႔ အခု ေတာမီးေလာင္မႈဟာ ႐ိႈ႕မီးေၾကာင့္လို႔ အာဏာပိုင္ေတြက သံသယ ရွိေနပါတယ္။ သစ္ေတာႀကိဳးဝိုင္းရဲ႕ ေနရာ ၄၀ ေလာက္မွာ မီးေလာင္ေနတယ္လို႔ ေဒသခံေတြက သတင္းေပးလို႔ မီးသတ္တပ္ဖြဲ႔ေတြကို ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

မီးသတ္သမားေတြက အနီးရွိ လူေနအိမ္ေတြနဲ႔ ဒုကၡသည္စခန္းကို မီးမကူးေအာင္ ႀကိဳးစားၿငိမ္းသတ္ခဲ့ရပါတယ္။ ႐ိႈ႕မီးလို႔ သံသယရွိတဲ့အတြက္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနေၾကာင္း ေကာက္ဘဇား အာဏာပို္င္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအနီး တောမီးလောင်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ကောက်ဘဇားမြို့၊ တက္ကနပ်ဖ်ရှိ မွတ်စလင် ဒုက္ခသည်စခန်းအနီး သစ်တောကြိုးဝိုင်းမှာ မီးလောင်လို့ မီးသတ်တပ်ဖွဲ့က ၄ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

တောမီးဟာ မနေ့က မတ်လ ၈ ရက်နေ့မှာ လောင်တာဖြစ်ပြီး ပျက်ဆီး ဆုံးရှုံးမှု ပမာဏာကို မသိရသေးကြောင်းနဲ့ အခု တောမီးလောင်မှုဟာ ရှို့မီးကြောင့်လို့ အာဏာပိုင်တွေက သံသယ ရှိနေပါတယ်။ သစ်တောကြိုးဝိုင်းရဲ့ နေရာ ၄၀ လောက်မှာ မီးလောင်နေတယ်လို့ ဒေသခံတွေက သတင်းပေးလို့ မီးသတ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မီးသတ်သမားတွေက အနီးရှိ လူနေအိမ်တွေနဲ့ ဒုက္ခသည်စခန်းကို မီးမကူးအောင် ကြိုးစားငြိမ်းသတ်ခဲ့ရပါတယ်။ ရှို့မီးလို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း ကောက်ဘဇား အာဏာပိ်ုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)