
0
885




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စင်ကာပူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ပြုညစာစားပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) ကို တက်ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်ကာပူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဂုဏ်ပြုတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

ညစာစားပွဲမှာ တေးဂီတအဖွဲ့က အာဆီယံနိုင်ငံတွေက တေးသံတွေနဲ့ တီးမတ်ဖျော်ဖြေပြီး ရိုးရာ အက ပဒေသာတွေနဲ့ တင်ဆက်ခဲ့ပါတယ်။

ညစာစားပွဲ အပြီးမှာ စင်ကာပူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပယ်ရီ လင်းမ် နဲ့ ဇနီးတို့နဲ့ အာဆီယံနိုင်ငံတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ ဇနီးသည်တွေက အမှတ်တရ လက်ဆောင်ပစ္စည်း အပြန်အလှန် ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)