
0
856




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိပ်သီး ညီလာခံတက်ဖို့ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမယ်

အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံကို ဆစ်ဒနီမြို့မှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျကို လာမယ့် သီတင်းပတ်အတွင်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ရခိုင်ပြည်နယ် ပဋိပက္ခတွေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ဒေသတွင်း ခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ထိပ်တိုက် ဆွေးနွေးလို့ရမယ့် အခွင့်အရေး ရှိနေပါတယ်။

မွတ်စလင် ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် သြစတြေးလျ အနေနဲ့ ဦးဆောင်ဆွေးနွေးဖို့ တာဝန်ရှိတယ်လို့ ဖိအားပေးမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)