
0
917




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆပ်ကပ်အဖွဲ့ကဆင် အစွယ်နဲ့ ထိုးမိလို့ တစ်ဦး သေဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဆပ်ကပ်အဖွဲ့ထဲက ဆင်ရဲ့ အစွယ်နဲ့ ထိုးမိတဲ့အတွက် လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ကံကြီးကျေးရွာ အားကစားကွင်းမှာ အောင်ပင်လယ် ဆပ်ကပ်အဖွဲ့က ရုံဝင်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့မှာ တခြားမြို့ကို ကူးပြောင်းဖို့ ဆင်တင်တဲ့ မော်တော်ယာဉ် မလာခင် ၉ နှစ်သား ဆင်ထီးကို နေအိမ်တစ်အိမ်အနီး ကြိုးချည်ထားခဲ့ပါတယ်။

အဲဒီနေအိမ်က ဗေဒင်ဆရာ မျက်စိအမြင် ချို့ယွင်းသူ ဦးအေးသန်း (ခ) ဦးစိန်အောင်မင်း (၆၅ နှစ်) က ဆင်အနီး ရောက်လာစဉ် ဆင်က နှာမောင်းနဲ့ ချည်ပတ်လိုက်ရာကနေ အစွယ်နဲ့ ပေါင်၊ ချိုင်းတို့ကို ထိုးမိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆပ်ကပ်အဖွဲ့က ဆင်ဦးစီး လှဌေးကို မြောင်းမြရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)