
0
935




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက် ရှင်းလင်းပြတ်သားတဲ့ အထောက်အထား ပြဖို့ မြန်မာ ပြော

ရခိုင်ပြည်နယ်မှာ လူမျိုးစု ရှင်းလင်းရေး ဒါမှမဟုတ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်အတွက် ရှင်းလင်းပြတ်သားတဲ့ အထောက်အထား မြန်မာဘက်က မြင်ချင်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်းက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင် လူ့အဖွဲ့အစည်းတွေ အများကြီး ရှိနေဆဲပါ၊ လူမျိုးတုံး သတ်ဖြတ်မှုသာ ရှိတယ်ဆိုရင် သူတို့တွေ ရှိမှာ မဟုတ်ပါဘူးလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မနေ့က မတ်လ ၈ ရက်နေ့က ဝန်ကြီး ဦးသောင်းထွန်းက ပြောလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ မတ်လ ၇ ရက်နေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇေအစ် ရာအဒ် အယ်လ် ဟူစိန်က လူမျိုးတုံး သတ်ဖြတ်မှု ရှိတယ်လို့ လေးလေးနက်နက် သံသယရှိကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)