
0
934




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းစိန်ထောင်က အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆို

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်မြို့၊ အင်းစိန် ဗဟိုထောင်က အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး ဝင်ရောက် ဖြေဆိုပါတယ်။

ကျောင်းသူ တစ်ဦး အပါအဝင် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၁ ဦးနဲ့ အမှုရင်ဆိုင်နေရတဲ့ အချုပ်သား တစ်ဦး၊ အပြင်က လာရောက်ဖြေဆိုသူ နှစ်ဦး ရှိပါတယ်။ အပြင်က ဖြေဆိုသူ နှစ်ဦးကတော့ စာမေးဖြေခွင့် ဖောင်တင်စဉ်က ပြစ်ဒဏ်ကျခံနေပြီး စာမေးပွဲ မဖြေခင် ထောင်က လွတ်သွားတာကြောင့် ပြန်လာပြီး ဖြေဆိုရတာ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အင်းစိန်ဗဟိုထောင်က အကျဉ်းသား၊ အကျဉ်းသူ ၁၉ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ၉ ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)