
0
905




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇလုံတောင် ဘုရားဖူးကား ချောက်ထဲထိုးကျမှု ၅ ဦး သေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ် ကားလမ်း ယောယုန်နဲ့ ဝိန်းခမ်းကျေးရွာကြားမှာ ဇလုံတောင်က ဘုရားဖူးအပြန် မှတ်လုံယာဉ် ချောက်ထဲ ထိုးကျခဲ့လို့ ခရီးသည် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့် ယာဉ်မောင် ဖြိုးမောင်မောင် မောင်းနှင်လာတဲ့ မှတ်လုံယာဉ်ငယ် ခရီးသည် အမျိုးသမီး ၁၄ ဦး တင်ဆောင် မောင်းနှင်လာစဉ် တောင်းဆင်းမှာ ကားဘရိတ်ပေါက်ပြီး ပေ ၂၀ဝ နက်တဲ့ ချောက်ထဲကို ထိုးကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေက ဒေါ်သိန်းလှ၊ ဒေါ်ဟန်၊ ဒေါ်နမ်းထွမ်းဆာ၊ ဒေါ်တင်၊ ဒေါ်အေးမြတို့ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီး ၉ ဦးစလုံးလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)