
0
1107




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကယ်ဒမီ ဆုပေးပွဲ အကူမောင်မယ် စာရင်း ထွက်ရှိ

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကူမောင်မယ်တွေအဖြစ် ဒီနှစ်မှာ အနုပညာရှင်တွေရဲ့ သားသမီးတွေကိုသာ ရွေးချယ်ထားပါတယ်။

အကူမောင်မယ်တွေအဖြစ် သရုပ်ဆောင် အားသစ်၊ ဝင်းခန့်မိုး (အကယ်ဒမီ ဒေါ်ချိုပြုံးရဲ့ မြေး)၊ မင်းသုခိုင် (အကယ်ဒမီ မေသဉ္ဇာဦးရဲ့ သား)၊ သရုပ်ဆောင် အိစိကွေး၊ လေပြည်သွေး (အကယ်ဒမီ မင်းမော်ကွန်းရဲ့ သမီး)၊ စံထိပ်ထားဦး (အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ သမီး)၊ ပန်းနုမေပျို (သရုပ်ဆောင် အရိုင်းရဲ့ သမီး) နဲ့ စန္ဒြာရွှေရည် (သရုပ်ဆောင် တင်ဇာဝင်းပြည့်ရဲ့ သမီး) တို့ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

‘အကယ်ဒမီ ဗန်းကိုင်’ ဆိုတဲ့ အသုံးအနှုန်းကနေ ၂၀၁၄ ခုနှစ်မှာ ‘အကယ်ဒမီ ရွှေကြို’ လို့ ပြောင်းလဲ သုံးနှုန်းပြီး အခုနှစ်မှာတော့ ‘အကူမောင်မယ်’ လို့ ပြောင်းလဲ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုပေးပွဲကို အခမ်းအနားကို မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ရှိ Myanmar Event Park (MPE) မှာ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)