သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက် ၅ ရက်လျှော့ချကြောင်း အစိုးရက တရားဝင်ကြေညာလိုက်ပြီ

0
269

နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်တွေကို ၁၀ ရက်သတ်မှတ်ထားရာကနေ (၅) ရက်အထိ လျှော့ချလိုက်ကြောင်း အစိုးရအဖွဲ့က တရားဝင် ကြေညာလိုက်ပါတယ်။

ဒီလို လျှော့ချလိုက်တဲ့အတွက် နစ်နာမှုမရှိစေဖို့ အစားထိုးပြန်ပေးသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

မတ်လ (၉) ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ရုံးက “နိုင်ငံ့ဝန်ထမ်းများ မဟာသင်္ကြန်နှစ်သစ်ကူး အနားယူကာလ (၁၀) ရက် တိတိ ရရှိ ခံစားရေး” ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပြန်ကြေညာရာမှာတော့ လျှော့ချလိုက်တဲ့ အနားယူရက်တွေကို သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ အစားထိုး ပြန်ပေးသွားမယ်လို့လည်း အစိုးရ ပြောကြား ထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ နောက်နှစ်တွေမှာ တရားဝင် နှစ်သစ်ကူးအတာသင်္ကြန် ရုံးပိတ်တွေကို ၅ ရက်ပဲ သတ်မှတ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး ယခုနှစ်မှာတော့ သတ်မှတ်ထားပြီး ဖြစ်တဲ့အတွက် ၀န်ထမ်းတွေအတွက် ၁၀ ရက်ရအောင် အုပ်ချုပ်ရေးနည်းလမ်းတွေနဲ့ စီစဉ်ပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောကြားထားပါတယ်။

ဒါအပြင် အများပြည်သူရုံးပိတ်ရက်တွေကိုလည်း အစိုးရအနေနဲ့ တရားဝင် ပြင်ဆင်သတ်မှတ်သွားဖို့ ရှိတယ်လို့လည်း သူက ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)