သတင်းထောက် ကိုဆွေဝင်းအမှု ရှေ့ဆက်တိုးမလား၊ ရုတ်သိမ်းမလား

0
245

ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ကို ဖေ့စ်ဘုတ်ပေါ်မှာ ဝေဖန်ရေးသားမှုကြောင့် ၆၆ (ဃ) နဲ့ သတင်းထောက် ကိုဆွေးဝင်းကို အမှုဖွင့်တဲ့ ကိစ္စမှာ ရှေ့ဆက်တိုးမလား၊ ရုတ်သိမ်းမလားဆိုတာကို ကွဲပြားစွာ မသိရသေးပါဘူး။

ကိုဆွေဝင်းကို ဦးဝီရသူ ကိုယ်စား အမှုဖွင့်သူ ဦးကျော်မျိုးရွှေက သူ့မိခင်က အမှုပိတ်ဖို့ တိုက်တွန်းကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တဲ့အတွက် အမှုကို ပိတ်သိမ်းမှာလားဆိုတဲ့ မေးခွန်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ကိုဆွေဝင်းကတော့ “အမှုကို ဆက်ဆွဲမှာလား၊ ရုတ်သိမ်းမှာလားဆိုတာကို တရားဝင် ဘာမှ မသိရသေးတဲ့ အတွက်ကြောင့် မှတ်ချက်ပေးဖို့က ခက်ခဲနေတယ်။ သူတို့ဆက်ဆွဲမယ်ဆိုလည်း ဥပဒေအတိုင်း ဆက်ရင်ဆိုင်ဖို့ပဲရှိတယ်။ ကျွန်တော့်ဘက်ကတော့ သူတို့အပေါ်မှာ အရင်ကတည်းက တုံ့ပြန်ဖို့မရှိသလို နောင်လည်း တုံ့ပြန်ဖို့မရှိပါဘူး” လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)