ကျွန်းလှမြို့နယ်က သစ်တောဝန်ထမ်းတချို့နဲ့ ရဲတွေကို လာဘ်စားမှုနဲ့ အရေးယူဖို့ တိုင်တန်း

0
303

ကျွန်းလှမြို့နယ်က သစ်တောဝန်ထမ်းတချို့နဲ့ ပေပင်ချောင်းရဲစခန်းက ရဲတွေကို လာဘ်စားမှုနဲ့ အရေးယူဖို့ ကျွန်းလှဒေသခံတွေက
ဒီကနေ့ မတ်လ(၉)ရက်နေ့မှာ တိုင်းဝန်ကြီးချုပ်ဆီကို တိုင်တန်းလိုက်ပါတယ်။

အဲဒီကျွန်းလှမြို့နယ်မှာဆိုရင် တရားမဝင် သစ်ခိုးထုတ်လုပ်သူတွေဆီကနေ (ပေပင်ချောင်)ရဲစခန်းက ရဲတွေ၊ မော်ကယ်အုပ်ချုပ်ရေးမှူး အပါအဝင် သစ်တောဝန်ထမ်းတွေ လာဘ်စားမှုတွေ ရှိလာနေတဲ့အတွက် အခုလိုကျွန်းလှမြို့ ဒေသခံတွေက တိုင်ကြားခဲ့တာပါ။

တိုင်းဝန်ကြီးဒေါက်တာမြင့်နိုင်ဆီကို ဒီကနေ့ရက်စွဲနဲ့ တိုင်ကြားခဲ့တာဖြစ်ပြီး လာဘ်စားထားတဲ့ ဝန်ထမ်းတွေရဲ့ သက်သေသက်ကာယ အထောက်အထား၊ ဗီဒီယိုဖိုင်တွေနဲ့အတူ တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ကျွန်းလှမြို့နယ် မော်ကယ်ဘိနယ် သစ်တောတာဝန်ခံ တောအုပ်ဇော်လင်းလင်းနိုင်ဆီကို တစ်လငွေကျပ် နှစ်သိန်းခွဲ၊ မော်ကယ်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းဆီမှာ တစ်လငွေကျပ် သုံးသောင်းခွဲ၊ ပေပင်ချောင်ရဲစခန်းဆီမှာ တစ်လ ငွေကျပ်(၁)သိန်းခွဲတို့ကို လအလိုက်ပုံမှန် ပေးဆောင်နေရတယ်လို့ တိုင်ကြားသူတွေက MCN သတင်းဌာနကို အတည်ပြုပြောပါတယ်။

ဒါ့အပြင် ကျွန်းလှမြို့ သစ်တောဝန်ထမ်းတွေက သစ်ခိုးထုတ်လုပ်သူ သစ်စက်ပိုင်ရှင်တွေဆီကနေ လစဉ် အဖမ်းအဆီးပြဖို့ သစ်တွေတောင်းခံမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)