မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်

0
305

စီးပွားရေး တိုးတက်မှုနှုန်းဟာ ၁၀ ရာခိုင်နှုန်းအထိ များလာနိုင်လို့ မကြာခင်မှာ မြန်မာဟာ ဒုတိယ ဗီယက်နမ်၊ ဒါမှမဟုတ် ဒုတိယ ထိုင်း ဖြစ်လာလိမ့်မယ်လို့ ဝါရင့် ဗြိတိသျှ သံတမန်တစ်ဦးက သုံးသပ်ပါတယ်။

ဆယ်စုနှစ်နဲ့ ချီပြီး စစ်အုပ်ချုပ်ရေးအောက်က လွတ်လာပြီးနောက် တံခါးဖွင့်လိုက်တဲ့ မြန်မာနိုင်ငံဟာ လျှပ်စစ် မလုံလောက်မှု၊ မူဝါဒ မပြတ်သားမှု၊ စီးပွားရေးလုပ်ဖို့ စရိတ်စက မြင့်မားမှုတွေတော့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် အင်ဒရူး ပက်ထရစ်က Bloomberg သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကောင်းကောင်း တိုးတက်နိုင်ကြောင်းလည်း သူက ဆိုပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ မနှစ်က ကမ္ဘာ့နိုင်ငံတွေ ကြားမှာ အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေပြီး ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ တုန်းက ဗီယက်နမ်လို အခု မြန်မာနိုင်ငံဟာ ဘဏ္ဍာရေး ကဏ္ဍမှာဆိုရင် ဘာဆို ဘာမှ မရှိသေးဘဲ နိုင်ငံရဲ့ ဈေးကွက်ကြီးတခုလုံးဟာလည်း မထိုးဖောက်ရသေးဘူးလို့ သံအမတ် ပက်ထရစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)