မက်စ် မြန်မာက ဘဏ္ဍာရေး ဝန်ဆောင်မှုအတွက် ပါတနာ ရှာနေ

0
430

မက်စ် မြန်မာ ကုမ္ပဏီဟာ ဘဏ္ဍာရေး ဝန်ဆောင်မှု တိုးချဲ့ရေးအတွက် ပါတနာ ရှာနေကြောင်းနဲ့ လတ်တလောမှာ ဟိုတယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြင်သစ်အခြေစိုက် Accor SA နဲ့ ဆွေးနွေးနေပါတယ်။

(ဓာတ်ပုံ – Max Myanmar / Facebook)

မက်စ်မြန်မာ ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ့ကုမ္ပဏီကို ဟောင်ကောင်၊ ဘန်ကောက်၊ စင်ကာပူတို့မှာ တိုးချဲ့ဖို့ စိတ်ကူးရှိတယ်လို့လည်း Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဥပဒေ အပြောင်းအလဲတွေဟာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာအောင် တွန်းအားပေးနိုင်မယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရင်းနှီးမြှုပ်နှံသူတွေ လက်ခံနိုင်တဲ့ မူဝါဒတွေ ချဖို့လိုကြောင်းနဲ့ မြန်မာပြည်မှာ လမ်း၊ လျှပ်စစ်လို အခြေခံအဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုနေကြောင်းလည်း သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)