လောက်ကိုင်တိုက်ပွဲ အမြောက်ဆံ တရုတ်ဘက် ကျရောက်ပေါက်ကွဲ၊ တစ်ဦးဒဏ်ရာရ

0
545

လောက်ကိုင် တိုက်ပွဲက အမြောက်ဆံတစ်ခု တရုတ်နိုင်ငံဘက်ကို ကျရောက် ပေါက်ကွဲတဲ့အတွက် အရပ်သား တစ်ဦး ဒဏ်ရာရသွားပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – SCMP)

မနေ့က မွန်းလွဲမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဇင်ခန် ခရိုင်ရှိ နန်ရှင် ဟိုတယ်အနီး အမြောက်ဆံ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရသွားပေမယ့် အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

မတ်လ ၆ ရက်နေ့က စတင်ပြီး အစိုးရတပ်တွေနဲ့ ကိုးကန့် MNDAA လို့ ခေါ်ကြတဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်မှာ အနည်းဆုံး လူ အယောက်သုံးဆယ် သေဆုံးပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)