မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ မိမိတို့လောက် ဓနအင်အား မများသူတွေကို နှိမ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

0
340

မြန်မာနိုင်ငံက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တခြား မိမိတို့လောက် ဓနအင်အား မများတဲ့ သူတွေကို နှိမ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၈) ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန (၂) မှာကျင်းပတဲ့  ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

အဲ့ဒီပြောကြားချက်တွေထဲမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့စီးပွားရေး တိုးတက်ဖို့ကိုပဲ ကြည့်တယ်ဆိုပြီးတော့ မလိုလားတဲ့အစိတ်အပိုင်း တွေရှိနေတယ်လို့လည်း ပြောကြားထားပါတယ်။ 

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ဓနအင်အားတွေဟာ နိုင်ငံတော် အတွက်ဖြစ်တယ်လို့လည်း သတိပေးပြောကြားတာပါ။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် အရာတွေကို ဆောင်ရွက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)