အမျိုးသားအကျိုးစီးပွားဟုဆိုကာ ကိုယ့်လူစုအတွက် လုပ်ဆောင်နေမှု ကြောက်စရာ ကောင်းလှဟု သူရဦးရွှေမန်းဆို

0
311

အမျိုးသားအကျိုးစီးပွားအတွက်ဆိုပြီး ကိုယ့်လူစုအတွက် လုပ်နေတာဟာ ကြောက်စရာ ကောင်းလှတယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

မတ်လ (၆) ရက်နေ့က သူ့ရဲ့ တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ “တိုင်းပြည်အတွက်၊ အမျိုးသားအကျိုးစီးပွားအတွက်ဆိုပြီး ကိုယ့်အတွက်၊ ကိုယ့်လူစုအတွက်ပဲ လုပ်နေကြ တယ်ဆိုလျှင် စိုးရိမ်စရာ၊ ကြောက်စရာကောင်းလှပါသတဲ့။” လို့ ရေးသားထားတာပါ။

ဒါအပြင် အဲ့ဒီလို ဆောင်ရွက်ချက်တွေကို အသိ၊ သတိတို့ကို မေတ္တာ၊ စေတနာ၊ သစ္စာတရားတို့နဲ့ ဆင်ခြင်၊ သုံးသပ်၊ ပြောဆို ဆောင်ရွက်နိုင်ကြပါစေလို့လည်း သူရဦးရွှေမန်းက ပြောကြားထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (ဟောင်း) သူရဦးရွှေမန်း အခုလို ပြောကြားလိုက်တာဟာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးမှာ အမျိုးရေးကို ဦးတည်လုပ်ဆောင်မယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)