ျမန္မာ့တပ္မေတာ္က KIA တပ္မဟာ တခ်ိဳ႕ကို အသိအမွတ္မျပဳဟုဆို

0
1118

ျမန္မာ့တပ္မေတာ္ဘက္က KIA တပ္ရင္း (၁၄) ဌာနခ်ဳပ္အပါအ၀င္ တပ္စခန္းေတြ ဖယ္ရွားေပးဖို႔နဲ႔ KIA တပ္မဟာ တခ်ိဳ႕ကို အသိအမွတ္မျပဳေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ကခ်င္လြတ္ေျမာက္အဖြဲ႔ (KIO) တို႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ တာလီၿမိဳ႕မွာ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ ေျပာၾကားလိုက္တာပါ။

ျမန္မာတပ္မေတာ္အေနနဲ႔ အဲ့ဒီလို ေျပာၾကားခ်က္အေပၚ KIO အဖြဲ႔ရဲ႕ ဗဟိုေကာ္မတီက ေဖေဖာ္၀ါရီလ (၈) ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေဆြးေႏြးပြဲမွာေတာ့ KIO အဖြဲ႔အေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြကိစၥအပါအ၀င္ ေဒသတည္ၿငိမ္ေရး၊ တိုက္ပြဲေတြ ေလွ်ာ့ခ်ေရး၊ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ရာမွာ အားလံုးပါ၀င္ေရးနဲ႔ ပင္လံုစာခ်ဳပ္၊ ပင္လံုကတိက၀တ္ေတြနဲ႔အညီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးေတြကို အေလးထား ေဆြးေႏြးခဲ့တယ္လို႔လည္း ေဖာ္ျပထားတာပါ။

ဒီေဆြးေႏြးမႈကေန ႏွစ္ဖက္ ကတိက၀တ္ျပဳတဲ့ သေဘာတူညီမႈ တစံုတရာ မရရွိခဲ့ေသာ္လည္း ထပ္မံေတြ႔ဆံု ေဆြးေႏြးသြားဖို႔ပဲ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေဆြးေႏြးပြဲကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အာရွေရးရာအထူးသံတမန္က ၾကား၀င္ေစ့စပ္ ကူညီေဆာင္ရြက္ေပးတာျဖစ္ၿပီး ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO ဗဟိုေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ေတြနဲ႔ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ကိုယ္စား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔တို႔ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့တပ်မတော်က KIA တပ်မဟာ တချို့ကို အသိအမှတ်မပြုဟုဆို

မြန်မာ့တပ်မတော်ဘက်က KIA တပ်ရင်း (၁၄) ဌာနချုပ်အပါအဝင် တပ်စခန်းတွေ ဖယ်ရှားပေးဖို့နဲ့ KIA တပ်မဟာ တချို့ကို အသိအမှတ်မပြုကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်အဖွဲ့ (KIO) တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တာလီမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။ မြန်မာတပ်မတော်အနေနဲ့ အဲ့ဒီလို ပြောကြားချက်အပေါ် KIO အဖွဲ့ရဲ့ ဗဟိုကော်မတီက ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာတော့ KIO အဖွဲ့အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကိစ္စအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျှော့ချရေး၊ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ အားလုံးပါဝင်ရေးနဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

ဒီဆွေးနွေးမှုကနေ နှစ်ဖက် ကတိကဝတ်ပြုတဲ့ သဘောတူညီမှု တစုံတရာ မရရှိခဲ့သော်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးသွားဖို့ပဲ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာအထူးသံတမန်က ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးတာဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)