ပြင့္ျဖဴမွာ စြန္႔လႊတ္ေျမ ၁၃ ဧကေက်ာ္ကို မူလေတာင္သူေတြထံ ျပန္လႊဲေပး

0
1012

မေကြးတိုင္း၊ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက စြန္႔လႊတ္လိုက္တဲ့ စံျပေက်းရြာနဲ႔ ဘုရားကုန္း ေက်းရြာရွိ လယ္ေျမ ၁၃ ဒသမ ၀၄ ဧကကို မူလ ေတာင္သူေတြဆီ ဒီေန႔ ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ျပန္လႊဲေပးလိုက္ပါတယ္။

ပြင့္ျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေရႊက ၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႔အတြင္းေရးမွဴး ဦးသန္းေဆြကို လယ္ယာေျမ ပံုစံ (၇) ေတြ လႊဲေပးပါတယ္။ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္က စြန္႔လႊတ္လိုက္တဲ့ လယ္ေျမေတြကို မူလက ပိုင္ဆိုင္တဲ့ ေတာင္သူ ၁၀ ဦးထံ တစ္ဦးခ်င္းဆီကို လႊဲေျပာင္းေပးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပွင့်ဖြူမှာ စွန့်လွှတ်မြေ ၁၃ ဧကကျော်ကို မူလတောင်သူတွေထံ ပြန်လွှဲပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စွန့်လွှတ်လိုက်တဲ့ စံပြကျေးရွာနဲ့ ဘုရားကုန်း ကျေးရွာရှိ လယ်မြေ ၁၃ ဒသမ ဝ၄ ဧကကို မူလ တောင်သူတွေဆီ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြန်လွှဲပေးလိုက်ပါတယ်။

ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေကို လယ်ယာမြေ ပုံစံ (၇) တွေ လွှဲပေးပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က စွန့်လွှတ်လိုက်တဲ့ လယ်မြေတွေကို မူလက ပိုင်ဆိုင်တဲ့ တောင်သူ ၁၀ ဦးထံ တစ်ဦးချင်းဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)