စာတမ္းဖတ္ပြဲက အခ်က္အလက္ေတြကို ျမန္မာ့ႏိုင္ငံေရး သမိုင္းမွာ ထည့္သြင္း အသံုးျပဳမယ္(႐ုပ္/သံ)

0
1026

နုိင္ငံတကာ သမုိင္းသုေတသနပညာရွင္ေတြရဲ႕ စာတမ္းဖတ္ပြဲ ကရရွိတဲ့ အခ်က္ အလက္ေတြကုိ ျမန္မာ့နုိင္ငံေရးသမုိင္းမွာ လုိအပ္သလုိထည့္သြင္းအသုံးျပဳသြားဖုိ႔ရွိေနပါတယ္။ ဒီသတင္းကုိ MCN သတင္း ေထာက္ေကသြယ္ကေပးပို႔ထားပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပုိင္း ေခတ္အလိုက္ေျပာင္းလဲလာတဲ့ ျမန္မာ့နုိင္ငံေရးသမုိင္း အခ်က္အလက္ေတြကုိ သာသနာေရးနဲ ႔ယဥ္ေက်းမႈ၀န္ႀကီးဌာနက သမိုင္းမွတ္တမ္းအျဖစ္ထားရွိနုိင္ဖို႔ ျပဳစုေနတာပါ။

ဒီလုိျပဳစုေနတဲ့ကာလအတြင္း ျပည္တြင္းက သမုိင္းပညာရွင္ေတြရဲ႕စာတမ္းေတြသာမက အေရွ႕ေတာင္အာရွ နုိင္ငံေတြက ပါေမာကၡေတြကုိယ္တုိင္ျပဳစုထားတဲ့ ျမန္မာ့သမုိင္းေၾကာင္း အခ်က္အလက္ေတြကို စာတမ္း ဖတ္ပြဲေတြျပဳလုပ္ၿပီး အဲဒီကရရွိတဲ့အခ်က္အလက္ေတြကုိ ျမန္မာ့နုိင္ငံေရးသမုိင္းမွာလိုအပ္သလိုထည့္ သြင္းအသုံးျပဳသြားမွာျဖစ္ပါတယ္ ။

နုိင္ငံတကာပညာရွင္ေတြရဲ႕ ျမန္မာ့သမုိင္းကုိ ဆန္းစစ္ေလ့လာတဲ႔ စာတမ္းဖတ္ပြဲကို သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဦးစီးၿပီး အမ်ဳိးသားျပတုိက္မွာက်င္းပျပဳလုပ္ခဲ့တာပါ။

Sound bite ဦးေအာင္ျမင့္ (ညႊန္ႀကားေရးမႈးခ်ဳပ္)သမုိင္းသုေတသနနွင့္စာႀကည့္တုိက္ဦးစီးဌာန

အဲဒီစာတမ္းဖတ္ပြဲမွာေတာ့ ျပည္တြင္းက သမုိင္းပညာရွင္ေတြအပါအ၀င္ နုိင္ငံတကာက ပါေမာကၡေတြရဲ႕ စာတမ္း စုစုေပါင္း ၅၇ ေစာင္ အထိ လက္ခံရရွိခဲ့တာပါ။ အဲဒီစာတမ္းေတြထဲက ျပန္လည္စီစစ္ေရြးခ်ယ္ၿပီး ျပည္ပစာတမ္း ၁၃ ေစာင္နဲ႔ ျပည္တြင္းက စာတမ္း တစ္ေစာင္ေရြးခ်ယ္ၿပီး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္ ။

Sound bite ဦးထြန္းေအာင္ခ်ိန္ ( အဖြဲ႕ဝင္ )သမုိင္းေရးရာေကာ္မရွင္

ျမန္မာနုိင္ငံလြတ္လပ္ေရးရၿပီး ေနာက္ပိုင္း သုေတသနအခ်က္အလက္ေတြကုိ ျပန္လည္ဆန္းစစ္ျခင္း ျမန္မာ့ရုိးရာဓေလ့ ယဥ္ေက်းမႈ သမုိင္းေႀကာင္းေတြကုိ နုိင္ငံတကာပညာရွင္ေတြရဲ႕ ေလ့လာပုံ ေတြကုိသိရွိ ေစနုိ္င္ဖို႔သာမက ျပန္လည္ အသုံးခ်ႏုိင္ဖို႔စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔က်င္းပျပဳလုပ္ေနတာလည္းျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာ သမိုင်းသုတေသနပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ ကရရှိတဲ့ အချက် အလက်တွေကို မြန်မာ့နိုင်ငံရေးသမိုင်းမှာ လိုအပ်သလိုထည့်သွင်းအသုံးပြုသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်း ထောက်ကေသွယ်ကပေးပို့ထားပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အလိုက်ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးသမိုင်း အချက်အလက်တွေကို သာသနာရေးနဲ ့ယဉ်ကျေးမှုဝန်ကြီးဌာနက သမိုင်းမှတ်တမ်းအဖြစ်ထားရှိနိုင်ဖို့ ပြုစုနေတာပါ။

ဒီလိုပြုစုနေတဲ့ကာလအတွင်း ပြည်တွင်းက သမိုင်းပညာရှင်တွေရဲ့စာတမ်းတွေသာမက အရှေ့တောင်အာရှ နိုင်ငံတွေက ပါမောက္ခတွေကိုယ်တိုင်ပြုစုထားတဲ့ မြန်မာ့သမိုင်းကြောင်း အချက်အလက်တွေကို စာတမ်း ဖတ်ပွဲတွေပြုလုပ်ပြီး အဲဒီကရရှိတဲ့အချက်အလက်တွေကို မြန်မာ့နိုင်ငံရေးသမိုင်းမှာလိုအပ်သလိုထည့် သွင်းအသုံးပြုသွားမှာဖြစ်ပါတယ် ။

နိုင်ငံတကာပညာရှင်တွေရဲ့ မြန်မာ့သမိုင်းကို ဆန်းစစ်လေ့လာတဲ့ စာတမ်းဖတ်ပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီးပြီး အမျိုးသားပြတိုက်မှာကျင်းပပြုလုပ်ခဲ့တာပါ။

Sound bite ဦးအောင်မြင့် (ညွှန်ကြားရေးမှုးချုပ်)သမိုင်းသုတေသနနှင့်စာကြည့်တိုက်ဦးစီးဌာန

အဲဒီစာတမ်းဖတ်ပွဲမှာတော့ ပြည်တွင်းက သမိုင်းပညာရှင်တွေအပါအဝင် နိုင်ငံတကာက ပါမောက္ခတွေရဲ့ စာတမ်း စုစုပေါင်း ၅၇ စောင် အထိ လက်ခံရရှိခဲ့တာပါ။ အဲဒီစာတမ်းတွေထဲက ပြန်လည်စီစစ်ရွေးချယ်ပြီး ပြည်ပစာတမ်း ၁၃ စောင်နဲ့ ပြည်တွင်းက စာတမ်း တစ်စောင်ရွေးချယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

Sound bite ဦးထွန်းအောင်ချိန် ( အဖွဲ့ဝင် )သမိုင်းရေးရာကော်မရှင်

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း သုတေသနအချက်အလက်တွေကို ပြန်လည်ဆန်းစစ်ခြင်း မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှု သမိုင်းကြောင်းတွေကို နိုင်ငံတကာပညာရှင်တွေရဲ့ လေ့လာပုံ တွေကိုသိရှိ စေနိ်ုင်ဖို့သာမက ပြန်လည် အသုံးချနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)