အေရးေပၚ ဆင္းသက္ခဲ့ရတဲ့ စင္ကာပူ ေလေၾကာင္းလိုင္း ေလယာဥ္ အင္ဂ်င္အသစ္ အစားထိုးရမယ္

0
1064

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာေလဆိပ္ကေန စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေလဆိပ္ကို ပ်ံသန္းစဥ္ မႏၱေလးေလဆိပ္မွာ အေရးေပၚ ဆင္းသက္ခဲ့ရတဲ့ စင္ကာပူေလေၾကာင္းလိုင္းက ေလယာဥ္ကို ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ အင္ဂ်င္အသစ္ အစားထိုး လဲလွယ္မွာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က မႏၱေလးေလဆိပ္မွာ ဆင္းသက္ခဲ့ရတဲ့ ေလယာဥ္အမွတ္ 9V-SSE ဟာ ခရီးသည္ ၂၀၂ ဦး တင္ေဆာင္လာၿပီး ဝဲဘက္အင္ဂ်င္အတြင္း ပန္ကာဒလက္ေတြ က်ိဳးပဲ့ပ်က္စီးကာ အင္ဂ်င္ အတြင္းပိုင္းအထိ ထိခိုက္ပ်က္စီးခဲ့တာ ျဖစ္ပါတယ္။ ခရီးသည္ေတြကိုေတာ့ ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ တျခားေလယာဥ္နဲ႔ ေခၚယူသြားၿပီ ျဖစ္ပါတယ္။

စင္ကာပူ အင္ဂ်င္နီယာ မစၥတာ ယန္း ခန္႔ ဟူယတ္ ပီတာနဲ႔ တျခား ႏွစ္ဦးက လာေရာက္စစ္ေဆးခဲ့ရာမွာ အင္ဂ်င္အသစ္ အစားထိုးလဲလွယ္ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စင်ကာပူ လေကြောင်းလိုင်း လေယာဉ် အင်ဂျင်အသစ် အစားထိုးရမယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာလေဆိပ်ကနေ စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်ကို ပျံသန်းစဉ် မန္တလေးလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အင်ဂျင်အသစ် အစားထိုး လဲလှယ်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မန္တလေးလေဆိပ်မှာ ဆင်းသက်ခဲ့ရတဲ့ လေယာဉ်အမှတ် 9V-SSE ဟာ ခရီးသည် ၂၀၂ ဦး တင်ဆောင်လာပြီး ဝဲဘက်အင်ဂျင်အတွင်း ပန်ကာဒလက်တွေ ကျိုးပဲ့ပျက်စီးကာ အင်ဂျင် အတွင်းပိုင်းအထိ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တွေကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တခြားလေယာဉ်နဲ့ ခေါ်ယူသွားပြီ ဖြစ်ပါတယ်။

စင်ကာပူ အင်ဂျင်နီယာ မစ္စတာ ယန်း ခန့် ဟူယတ် ပီတာနဲ့ တခြား နှစ်ဦးက လာရောက်စစ်ဆေးခဲ့ရာမှာ အင်ဂျင်အသစ် အစားထိုးလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)