
0
962



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကချင်နဲ့ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး ဆွေးနွေး

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဒေးဗစ် ဘာသိုလိုနူး ကတ်ထရုဒ်တို့ တွေ့ဆုံ ဆွေးနွေးပါတယ်။

မနေ့က ဖေဖော်ဝါရီ ၈ ရက် နေပြည်တော်မှာ တွေ့ဆုံမှုအတွင်း ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မယ့် နိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစသ်မှာ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာ၊ ထိုင်းနိုင်ငံဘက်ကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာရင် စားနပ်ရိက္ခာထောက်ပံ့ရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)