
0
1055




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပခုက္ကူတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို နုတ်ထွက်ပေးဖို့ ဆန္ဒပြ

ပခုက္ကူတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို နုတ်ထွက်ပေးဖို့ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပခုက္ကူတက္ကသိုလ် ကျောင်းသား ၅၀ ခန့်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျောင်းသားအားလုံးကို ကိုယ်စားမပြုတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ အလိုမရှိကြောင်း၊ အဖွဲ့အစည်း ငွေကြေး အလွဲသုံးစားလုပ်သူတွေ အလိုမရှိကြောင်း၊ သမဂ္ဂ အလုပ်အမှုဆောင်တွေ နုတ်ထွက်ပေးေ၇းနဲ့ ကျောင်းက ထုတ်ယူထားတဲ့ ငွေကြေးရှင်းတမ်းတွေ အမြန်ထုတ်ပေးရေး စတာတွေ တောင်းဆို ဆန္ဒပြတာ ဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ကျောင်းသားထု ၄၉ ရာခိုင်နှုန်းက မဲပေးတင်မြှောက်ထားတာဖြစ်ပြီး ငွေကြေးနဲ့ ပတ်သက်လို့ စနစ်တကျ ရှင်းလင်းပြီးသားဖြစ်ကြောင်း သမဂ္ဂအဖွဲ့ဝင် ကိုရှိုင်းထက်စိုးက MCN သတင်းဌာနကို ပြောပါတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ကို နုတ်ထွက်စေချင်ရင် သမဂ္ဂဖွဲ့စည်ပုံအရ ဆောင်ရွက်နိုင်ကြောင်းနဲ့ အခုလို ဆန္ဒပြတာ သမဂ္ဂကို နိုင်ငံရေးအရ ထိုးနှက်တာ ဖြစ်တယ်လို့ ကိုရှိုင်းထက်စိုးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)