တပ်မတော်ကို အဓိကထား ပိတ်ဆို့မယ့် ဥပဒေ အမေရိကန် လွှတ်တော် အတည်ပြု

0
1082

မြန်မာ့တပ်မတော်ကို အဓိကထား ပိတ်ဆို့မယ့် Burma Human Rights and Freedom Act of 2017 ကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ဖေဖော်ဝါရီ ၇ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

တပ်မတော်က ပိုင်ဆိုင်တဲ့ စီးပွားရေး အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေမှာ နိုင်ငံတကာ ပါဝင်လို့ မရအောင် ဆောင်ရွက်တာ၊ တပ်မတော် ထိပ်တန်းအရာရှိတွေကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်တာနဲ့ ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာ ဆိုင်ရာ ပိတ်ပင်မှု ဥပဒေကို ပြန်လည်ပြဌာန်းပြီး မြန်မာ တပ်မတော်နဲ့ အမေရိကန် စစ်တပ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>





COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)