ဆင္တဲ စက္မႈအထက္တန္းေက်ာင္းကို ဂ်ာမနီက ယူ႐ိုေငြ ၆ သန္း ေထာက္ပံ့

0
1032

ပဲခူးတိုင္း၊ ပန္းေတာင္းၿမိဳ႕နယ္ရွိ အမွတ္ (၁) စက္မႈအထက္တန္းေက်ာင္း (ဆင္တဲ) ကို သင္ေထာက္ကူပစၥည္း အဆင့္ျမင့္ဖို႔ ဂ်ာမနီႏိုင္ငံက ယူ႐ိုေငြ ၆ သန္း ေထာက္ပံ့တဲ့ အခမ္းအနားကို ေဖေဖာ္ဝါရီ ၈ ရက္မွာ က်င္းပပါတယ္။

သင္႐ိုးညႊန္းတမ္း၊ စက္ပစၥည္း၊ အသံုးအေဆာင္နဲ႔ နည္းပညာေတြကို အဆင့္ျမွင့္တင္နိုင္ဖို႔အတြက္ ရည္ရြယ္ၿပီး ေထာက္ပံခဲ့တာ ျဖစ္ပါတယ္။ အဲဒီ စက္မႈအထက္တန္းေက်ာင္းကို ဂ်ာမနီ အကူအညီနဲ႔ ၁၉၇၉ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး တကၠသိုလ္ဝင္တန္း ေအာင္သူေတြ တက္ေရာက္ႏိုင္တဲ့ ၂ ႏွစ္ကာလ သင္တန္းေတြ ပို႔ခ်ပါတယ္။ ပို႔ခ်တဲ့ ဘာသာရပ္ေတြက စက္မႈဆိုင္ရာ၊ လွ်ပ္စစ္ဆိုင္ရာနဲ႔ နည္းပညာ ဒီဇိုင္း စတဲ့ သင္တန္း ၇ မ်ိဳးရွိၿပီး ဆရာ၊ ဆရာမနဲ႔ ဝန္ထမ္း ၅၆ ဦး ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ စက္မႈအထက္တန္း သင္တန္းေက်ာင္းေတြကို ဆင္တဲ၊ မႏၱေလး၊ ပခုကၠဴ၊၊ မေကြး၊ ျမင္းၿခံ၊၊ သာဂရၿမိဳ႕ေတြမွာ ဖြင့္လွစ္ထားၿပီး မုံရြာၿမိဳ႕နဲ႔ သထံုၿမိဳ႕ေတြမွာ ထပ္မံတိုးခ်ဲ႕ ဖြင္႔လွစ္ဖို႔ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆင်တဲ စက်မှုအထက်တန်းကျောင်းကို ဂျာမနီက ယူရိုငွေ ၆ သန်း ထောက်ပံ့

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁) စက်မှုအထက်တန်းကျောင်း (ဆင်တဲ) ကို သင်ထောက်ကူပစ္စည်း အဆင့်မြင့်ဖို့ ဂျာမနီနိုင်ငံက ယူရိုငွေ ၆ သန်း ထောက်ပံ့တဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပပါတယ်။

သင်ရိုးညွှန်းတမ်း၊ စက်ပစ္စည်း၊ အသုံးအဆောင်နဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ထောက်ပံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စက်မှုအထက်တန်းကျောင်းကို ဂျာမနီ အကူအညီနဲ့ ၁၉၇၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်သူတွေ တက်ရောက်နိုင်တဲ့ ၂ နှစ်ကာလ သင်တန်းတွေ ပို့ချပါတယ်။ ပို့ချတဲ့ ဘာသာရပ်တွေက စက်မှုဆိုင်ရာ၊ လျှပ်စစ်ဆိုင်ရာနဲ့ နည်းပညာ ဒီဇိုင်း စတဲ့ သင်တန်း ၇ မျိုးရှိပြီး ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၅၆ ဦး ရှိပါတယ်။

မြန်မာနိုင်ငံမှာ စက်မှုအထက်တန်း သင်တန်းကျောင်းတွေကို ဆင်တဲ၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ သာဂရမြို့တွေမှာ ဖွင့်လှစ်ထားပြီး မုံရွာမြို့နဲ့ သထုံမြို့တွေမှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်ဖို့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)