ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးနဲ႔ IDEA တို႔ အလုပ္႐ံု ေဆြးေႏြးပြဲ က်င္းပ

0
1172

သမၼတ ဦးထင္ေက်ာ္က ႏိုင္ငံေတာ္နဲ႔ လိုက္ေလ်ာညီတဲ့ ဖြဲ႔စည္းပံုတစ္ရပ္ ေပၚေပါက္လာဖို႔ တိုက္တြန္းၿပီး ႏွစ္ရက္အၾကာမွာ ဖြဲ႔စည္းပုံအေျခခံ ဥပေဒဆိုင္ရာ အေတြးအေခၚေတြနဲ႔ ပက္သက္ၿပီး ဖြဲ႔စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးနဲ႔ Institute For Democracy and Electoral Assistance (IDEA) အလုပ္႐ုံေဆြးေႏြးပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဖြဲ႔စည္းပုံအေျခခံ ဥပေဒဆိုင္ရာ အသိအျမင္ ဗဟုသုတေတြ က်ယ္ျပန္႔လာေစဖို႔၊ ဖြဲ႔စည္းပုံအေျခခံ ဥပေဒကို အနက္အဓိပၸာယ္ ဖြင့္ဆိုျခင္းဆိုင္ရာ အေတြးအေခၚေတြ ျမင့္မားလာေစဖို႔နဲ႔ ဖြဲ႔စည္းပုံအေျခခံ ဥပေဒဆိုင္ရာ သုေတသန လုပ္ငန္းေတြမွာ အေထာက္အကူျဖစ္ေစဖို႔ ရည္ရြယ္ၿပီး ေဖေဖာ္၀ါရီလ ၈ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတာ ျဖစ္ပါတယ္။

အလုပ္႐ံု ေဆြးေႏြးပြဲကို ႏိုင္ငံေတာ္ ဖြဲ႔စည္းပုံအေျခခံ ဥပေဒဆိုင္ရာခုံ႐ုံး ဥကၠ႒ ဦးမ်ဳိးၫြန္႔က တက္ေရာက္ခဲ့ပါတယ္။ သမၼတ ဦးထင္ေက်ာ္က ရွမ္းျပည္နယ္ေန႔ အခမ္းအနားကို ေပးပို႔တဲ့ သဝဏ္လႊာမွာ ႏိုင္ငံေတာ္နဲ႔ လိုက္ေလ်ာညီတဲ့ ဖြဲ႔စည္းပံု ဥပေဒတစ္ရပ္ ေပၚေပါက္လာဖို႔ ထည့္သြင္းေျပာၾကားခဲ့ၿပီး ႏွစ္ရက္အၾကာမွာ အခုလို အလုပ္႐ံုေဆြးေႏြးပြဲကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ IDEA တို့ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

သမ္မတ ဦးထင်ကျော်က နိုင်ငံတော်နဲ့ လိုက်လျောညီတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်လာဖို့ တိုက်တွန်းပြီး နှစ်ရက်အကြာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အတွေးအခေါ်တွေနဲ့ ပက်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ Institute For Democracy and Electoral Assistance (IDEA) အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အသိအမြင် ဗဟုသုတတွေ ကျယ်ပြန့်လာစေဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဆိုင်ရာ အတွေးအခေါ်တွေ မြင့်မားလာစေဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတာ ဖြစ်ပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က တက်ရောက်ခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်က ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်နဲ့ လိုက်လျောညီတဲ့ ဖွဲ့စည်းပုံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့ ထည့်သွင်းပြောကြားခဲ့ပြီး နှစ်ရက်အကြာမှာ အခုလို အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)