
0
1011




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ အေးမောင်နဲ့ ဝေဟင်အောင်တို့ကို ဒုတိယအကြိမ် ရုံးထုတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ဟောပြောခဲ့တဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရုံးထုတ်ပါတယ်။

စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်တာ ဒုတိယအကြိမ် ဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူ နှစ်ဦးထဲက ဒေါက်တာ အေးမောင်ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပုဒ် ၁၇ (၁)၊ စစ်တွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅၊ စစ်တွေခရိုင်တရားရုံးမှာ ပုဒ်မ ၁၂၂ တို့နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)