ျမန္မာျပည္က ဆိတ္ေတြကို ေမွာင္ခိုသြင္းတဲ့ ဂိုဏ္းကို တ႐ုတ္ ဖမ္းဆီး

0
1096

ျမန္မာႏိုင္ငံကေန ဆိတ္ေတြကို ေမွာင္ခိုသြင္းတဲ့ လူ ၂၆ ဦးပါဂိုဏ္းကို ဖူဇူၿမိဳ႕မွာ တ႐ုတ္ရဲေတြက ဖမ္းဆီးလိုက္တယ္လို႔ အာဏာပိုင္ေတြက မေန႔က ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ ေျပာပါတယ္။

ဖူက်န္ခ႐ိုင္၊ ဖူဇူၿမိဳ႕မွာ ဆိတ္ေတြ ခိုးသြင္းတဲ့ ဂိုဏ္းကို သတင္းအရ ၂၀၁၇ ခုႏွစ္ ဧၿပီလကစၿပီး ေမွာင္ခိုတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႔က စံုစမ္းခဲ့ပါတယ္။ ၈ လၾကာ စံုစမ္းစစ္ေဆးၿပီးေနာက္ ျမန္မာႏိုင္ငံကေန ဆိတ္ တန္ ၁ ေသာင္းေက်ာ္ ခိုးသြင္းတဲ့ဂိုဏ္းကို ေျခရာခံမိခဲ့တာ ျဖစ္ပါတယ္။

ဆိတ္ ေမွာင္ခိုဂိုဏ္းဟာ ယူနန္ျပည္နယ္ကေနတဆင့္ ျမန္မာႏိုင္ငံက ဆိတ္ေတြကို ခိုးသြင္းေနတာျဖစ္ၿပီး ခိုးသြင္းတဲ့ ပမာဏဟာ အေမရိကန္လာ ၄၃ သန္းဖိုး ရွိပါတယ္။ ရဲတပ္ဖြဲ႔ဝင္ ၁၅၀ က တ႐ုတ္ႏိုင္ငံတလႊားမွာ သံသယရွိသူ ၃၆ ဦးကို ဖမ္းဆီးခဲ့ၿပီး ဆိတ္ေကာင္ေရ ၇၀၀ ကိုလည္း ေတြ႔ရွိခဲ့ပါတယ္။ ေမွာင္ခိုသြင္းလာတဲ့ ဆိတ္သားဟာ ေစ်းကြက္ထဲမွာ ေစ်းသက္သက္သာသာနဲ႔ ရႏိုင္တယ္လို႔ ဖူဇူ အေကာက္ခြန္ဌာနက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာပြည်က ဆိတ်တွေကို မှောင်ခိုသွင်းတဲ့ ဂိုဏ်းကို တရုတ် ဖမ်းဆီး

မြန်မာနိုင်ငံကနေ ဆိတ်တွေကို မှောင်ခိုသွင်းတဲ့ လူ ၂၆ ဦးပါဂိုဏ်းကို ဖူဇူမြို့မှာ တရုတ်ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။

ဖူကျန်ခရိုင်၊ ဖူဇူမြို့မှာ ဆိတ်တွေ ခိုးသွင်းတဲ့ ဂိုဏ်းကို သတင်းအရ ၂၀၁၇ ခုနှစ် ဧပြီလကစပြီး မှောင်ခိုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းခဲ့ပါတယ်။ ၈ လကြာ စုံစမ်းစစ်ဆေးပြီးနောက် မြန်မာနိုင်ငံကနေ ဆိတ် တန် ၁ သောင်းကျော် ခိုးသွင်းတဲ့ဂိုဏ်းကို ခြေရာခံမိခဲ့တာ ဖြစ်ပါတယ်။

ဆိတ် မှောင်ခိုဂိုဏ်းဟာ ယူနန်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံက ဆိတ်တွေကို ခိုးသွင်းနေတာဖြစ်ပြီး ခိုးသွင်းတဲ့ ပမာဏဟာ အမေရိကန်လာ ၄၃ သန်းဖိုး ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၅၀ က တရုတ်နိုင်ငံတလွှားမှာ သံသယရှိသူ ၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဆိတ်ကောင်ရေ ၇၀ဝ ကိုလည်း တွေ့ရှိခဲ့ပါတယ်။ မှောင်ခိုသွင်းလာတဲ့ ဆိတ်သားဟာ ဈေးကွက်ထဲမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်တယ်လို့ ဖူဇူ အကောက်ခွန်ဌာနက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)