
0
1359




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ ဘင်္ဂါလီ ဒုက္ခသည်အရေး ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီတို့ဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ ဒုက္ခသည်အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အရေးဟာ ဘာသာရေးကို အကြောင်းပြုလာပြီး ဒေသတွင်းမှာ လုံခြုံရေးကို ခြိမ်းခြောက်လာလိမ့်မယ်လို့ ပြီးခဲ့တဲ့ရက်မှာ ကုလသမဂ္ဂက သတိပေးထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့ဟာ အာဖဂန်နစ္စတန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စ၊ မော်လ်ဒိုက် ကျွန်းနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)