ဘဂၤါလီ ၇ ဦးကို တရားမဝင္ ေခၚေဆာင္လာသူေတြ ဖမ္းမိ

0
1049

ဧရာဝတီတိုင္း၊ ေညာင္တုန္းၿမိဳ႕နယ္၊ ရန္ကုန္-ပုသိမ္ ကားလမ္းမွာ ဘဂၤါလီ ၇ ဦးကို တရားမဝင္ ေခၚေဆာင္လာသူေတြကို မေန႔က ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ ဖမ္းဆီးမိခဲ့ပါတယ္။

သတင္းအရ ေညာင္တုန္း ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က ပိတ္ဆို႔ရွာေဖြ စစ္ေဆးရာမွာ ပုသိမ္ၿမိဳ႕ေန  ေအာင္ႏိုင္ဦး (၄၉ ႏွစ္) ေမာင္းႏွင္ၿပီး မင္းတုန္းၿမိဳ႕နယ္ေန ေမာင္ဟင္း (၃၀ ႏွစ္) လိုက္ပါလာတဲ့ ဆူပါ ကာစတန္ ယာဥ္ေပၚမွာ ဘဂၤါလီ မြတ္စလင္ ၇ ဦးကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဘဂၤါလီ မြတ္စလင္ေတြဟာ ရခိုင္ျပည္နယ္၊ ေက်ာ္ေတာ္ၿမိဳ႕၊ အလယ္ကြ်န္းေက်းရြာ၊ အာမရီေက်းရြာ၊ လားဆင္ကုန္းရြာတို႔က ျဖစ္ၾကၿပီး ေခၚေဆာင္လာသူေရာ နယ္ေက်ာ္ ခိုးဝင္လာသူေတြကိုပါ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ၇ ဦးကို တရားမဝင် ခေါ်ဆောင်လာသူတွေ ဖမ်းမိ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမှာ ဘင်္ဂါလီ ၇ ဦးကို တရားမဝင် ခေါ်ဆောင်လာသူတွေကို မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

သတင်းအရ ညောင်တုန်း မြို့နယ် ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ စစ်ဆေးရာမှာ ပုသိမ်မြို့နေ အောင်နိုင်ဦး (၄၉ နှစ်) မောင်းနှင်ပြီး မင်းတုန်းမြို့နယ်နေ မောင်ဟင်း (၃၀ နှစ်) လိုက်ပါလာတဲ့ ဆူပါ ကာစတန် ယာဉ်ပေါ်မှာ ဘင်္ဂါလီ မွတ်စလင် ၇ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်၊ ကျော်တော်မြို့၊ အလယ်ကျွန်းကျေးရွာ၊ အာမရီကျေးရွာ၊ လားဆင်ကုန်းရွာတို့က ဖြစ်ကြပြီး ခေါ်ဆောင်လာသူရော နယ်ကျော် ခိုးဝင်လာသူတွေကိုပါ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)