“မင္းတို႔ ထမင္းဝေအာင္ စားထား” အက်ႌ ဝတ္ဆင္သူ ၄ ဦးကို ဦးတိုက္ေလွ်ာက္ တရားစြဲ

0
385

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးမွာ ၾကည္လင္းတို႔ကို ႐ံုးထုတ္စဥ္ “မင္းတို႔ ထမင္းဝေအာင္ စားထား” အက်ႌ ဝတ္ဆင္သူ ၄ ဦးကို အင္းစိန္တရား႐ံုးမွာ ဦးတိုက္ေလွ်ာက္ တရားစြဲဆိုလိုက္ပါတယ္။

ဇန္နဝါရီလ ၂၉ ရက္ေန႔က ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဦးကိုနီနဲ႔ အငွားယာဥ္ေမာင္း ဦးေနဝင္း တို႔ကို ေသနတ္နဲ႔ပစ္ခဲ့တဲ့ ၾကည္လင္းနဲ႔ ကြင္းဆက္တရားခံေတြ ျဖစ္ၾကတဲ့ ေအာင္ဝင္းေဇာ္၊ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းထြန္း တို႔ကို ႐ုံးထုတ္စစ္ေဆးစဥ္ သာေကတၿမိဳ႕နယ္၊ (၈) ရပ္ကြက္ေန ဟိဏ္းေဝယံ အပါအဝင္ ၄ ဦးက “မင္းတို႔ ထမင္းဝေအာင္ စားထား” အက်ႌ ဝတ္ဆင္ကာ တရား႐ံုး ဝရဝုဏ္ကို လာေရာက္ခဲ့ပါတယ္။ ၾကည္လင္းတို႔ ၄ ဦးကိုလည္း အဆိုပါ စာတန္းပါ အက်ႌေတြ ေပးခဲ့ပါတယ္။

အင္တာနက္ လူမႈကြန္ရက္မွာ ျပည္သူေတြအခ်င္းခ်င္း ပဋိပကၡ အသြင္ေဆာင္တဲ့ ေရးသားမႈေတြ၊ စည္းလုံးညီညြတ္မႈ ကြဲျပားေစတဲ့ ကိစၥရပ္ေတြအထိ ျဖစ္ေပၚေစႏိုင္ကာ ရပ္ရြာေအးခ်မ္းသာယာေရး၊ တရားဥပေဒစိုးမိုးေရး ပ်က္ျပားႏိုင္ၿပီး နိုင္ငံေတာ္ၿငိမ္ဝပ္ ပိျပားေရးကို ထိခိုက္ေစႏိုင္တဲ့ လံႈ႕ေဆာ္မႈျဖစ္ေပၚ ေစခဲ့တာေၾကာင့္ အင္းစိန္တရား႐ံုးမွာ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က တရားစြဲလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“မင်းတို့ ထမင်းဝအောင် စားထား” အင်္ကျီ ဝတ်ဆင်သူ ၄ ဦးကို ဦးတိုက်လျှောက် တရားစွဲ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ကြည်လင်းတို့ကို ရုံးထုတ်စဉ် “မင်းတို့ ထမင်းဝအောင် စားထား” အင်္ကျီ ဝတ်ဆင်သူ ၄ ဦးကို အင်းစိန်တရားရုံးမှာ ဦးတိုက်လျှောက် တရားစွဲဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ကို သေနတ်နဲ့ပစ်ခဲ့တဲ့ ကြည်လင်းနဲ့ ကွင်းဆက်တရားခံတွေ ဖြစ်ကြတဲ့ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တို့ကို ရုံးထုတ်စစ်ဆေးစဉ် သာကေတမြို့နယ်၊ (၈) ရပ်ကွက်နေ ဟိဏ်းဝေယံ အပါအဝင် ၄ ဦးက “မင်းတို့ ထမင်းဝအောင် စားထား” အင်္ကျီ ဝတ်ဆင်ကာ တရားရုံး ဝရဝုဏ်ကို လာရောက်ခဲ့ပါတယ်။ ကြည်လင်းတို့ ၄ ဦးကိုလည်း အဆိုပါ စာတန်းပါ အင်္ကျီတွေ ပေးခဲ့ပါတယ်။

အင်တာနက် လူမှုကွန်ရက်မှာ ပြည်သူတွေအချင်းချင်း ပဋိပက္ခ အသွင်ဆောင်တဲ့ ရေးသားမှုတွေ၊ စည်းလုံးညီညွတ်မှု ကွဲပြားစေတဲ့ ကိစ္စရပ်တွေအထိ ဖြစ်ပေါ်စေနိုင်ကာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားနိုင်ပြီး နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုဖြစ်ပေါ် စေခဲ့တာကြောင့် အင်းစိန်တရားရုံးမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က တရားစွဲလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)