ဝလံုးနဲ႔ ေက်ာ္စိုးဦးတို႔ ပါဝင္စံုစမ္းေရးသားထားတဲ့ အင္းဒင္ လူသတ္မႈေဆာင္းပါး ႐ိုက္တာ ထုတ္ေဖာ္

0
2295

ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ဖမ္းဆီးတရားစြဲခံထားရတဲ့ သတင္းေထာက္ ဝလံုးနဲ႔ ေက်ာ္စိုးဦးတို႔ ပါဝင္စံုစမ္း ေရးသားထားတဲ့ အင္းဒင္ လူသတ္မႈအေၾကာင္း ေဆာင္းပါးကို ႐ိုက္တာ သတင္းဌာနက ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ညမွာ ထုတ္ေဖာ္လိုက္ပါတယ္။

အသတ္ခံရသူ ဘဂၤါလီ မြတ္စလင္ ၁၀ ဦးရဲ႕ ဓာတ္ပံုလည္း ပါဝင္ၿပီး ေက်းရြာလူႀကီးတစ္ဦးက ႐ိုက္တာကို ေပးခဲ့တာ ျဖစ္တယ္လို႔ ေရးသားထားပါတယ္။ အသတ္ခံရသူ ၁၀ ဦးအနက္ ၂ ဦးကို သတ္ျဖတ္ခံရတဲ့ လယ္သမား ဦးေမာင္နီရဲ႕ သား ၂ ဦးက သတ္ျဖတ္တာျဖစ္ၿပီး က်န္လူေတြကို စစ္သားေတြက သတ္ျဖတ္တာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အသတ္ခံရတဲ့ မြတ္စလင္ေတြဟာ ငါးဖမ္းသမား၊ စတိုးဆိုင္ဖြင့္သူ၊ ေက်ာင္းသားနဲ႔ ဘာသာေရးဆရာတို႔ ျဖစ္ေၾကာင္း၊ ကမ္းေျခတစ္ခုမွာ ခိုလံႈေနတဲ့ ဘဂၤါလီ မြတ္စလင္ေတြထဲက အဲဒီ ၁၀ ဦးကို ေခၚထုတ္ ဖမ္းဆီးခဲ့တာ ျဖစ္ေၾကာင္း ေဆာင္းပါးမွာ ေရးသားထားပါတယ္။

မြတ္စလင္ေတြရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းယူေၾကာင္း၊ ေက်းရြာငယ္ေတြကို မီး႐ိႈ႕ေၾကာင္း ရဲအရာရွိ၊ ေက်းရြာသားေတြကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝလုံးနဲ့ ကျော်စိုးဦးတို့ ပါဝင်စုံစမ်းရေးသားထားတဲ့ အင်းဒင် လူသတ်မှုဆောင်းပါး ရိုက်တာ ထုတ်ဖော်

မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ ပါဝင်စုံစမ်း ရေးသားထားတဲ့ အင်းဒင် လူသတ်မှုအကြောင်း ဆောင်းပါးကို ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့ညမှာ ထုတ်ဖော်လိုက်ပါတယ်။
အသတ်ခံရသူ ဘင်္ဂါလီ မွတ်စလင် ၁၀ ဦးရဲ့ ဓာတ်ပုံလည်း ပါဝင်ပြီး ကျေးရွာလူကြီးတစ်ဦးက ရိုက်တာကို ပေးခဲ့တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အသတ်ခံရသူ ၁၀ ဦးအနက် ၂ ဦးကို သတ်ဖြတ်ခံရတဲ့ လယ်သမား ဦးမောင်နီရဲ့ သား ၂ ဦးက သတ်ဖြတ်တာဖြစ်ပြီး ကျန်လူတွေကို စစ်သားတွေက သတ်ဖြတ်တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ မွတ်စလင်တွေဟာ ငါးဖမ်းသမား၊ စတိုးဆိုင်ဖွင့်သူ၊ ကျောင်းသားနဲ့ ဘာသာရေးဆရာတို့ ဖြစ်ကြောင်း၊ ကမ်းခြေတစ်ခုမှာ ခိုလှုံနေတဲ့ ဘင်္ဂါလီ မွတ်စလင်တွေထဲက အဲဒီ ၁၀ ဦးကို ခေါ်ထုတ် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ဆောင်းပါးမှာ ရေးသားထားပါတယ်။

မွတ်စလင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူကြောင်း၊ ကျေးရွာငယ်တွေကို မီးရှို့ကြောင်း ရဲအရာရှိ၊ ကျေးရွာသားတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)