ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)နဲ့ ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်းကို MRTV က တိုက်ရိုက်ထုတ်လွှင့်မယ်

0
303

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ) နဲ့ ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို နိုင်ငံပိုင်ရုပ်သံဌာန MRTV ကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်က စတင်ပြီး နိုင်ငံပိုင်ရုပ်သံဌာန MRTV ရုပ်သံလိုင်း၊ MRTV Entertainment ရုပ်သံလိုင်းနဲ့ Myanmar State Counsellor Office Facebook Page တို့ကနေ တိုက်ရိုက် Live ထုတ်လွှင့်သွားဖို့ ရှိနေတာပါ။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိနေတာပါ။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ တက်ရောက်စဉ် စာဖတ်ခဲ့တဲ့ ညောင်ပင်အောက်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း Panglong Peace Talk ကို ကျင်းပပြုဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)