မလေးရှား အထောက်အပံ့သင်္ဘော ရောက်ရှိချိန် အမျိုးသားရေးအင်အားစုတွေ “ရိုဟင်ဂျာ”မရှိကြောင်း ဆန္ဒပြ

0
279

ရခိုင်ပြည်နယ်အတွက် မလေးရှားနိုင်ငံက ရောက်ရှိလာတဲ့ အစားအသောက်နဲ့ အထောက်အပံ့ ပစ္စည်းတွေတင်လာတဲ့ သင်္ဘောတစ်စင်း ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ သီလဝါဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ချိန်မှာ အမျိုးသားရေးအင်အားစုတွေက “ရိုဟင်ဂျာ”ဆိုတာ မရှိကြောင်း ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေနဲ့ အမျိုးသားရေးသမားတွေ ပါဝင်ပြီး နိုင်ငံတော်အလံနဲ့ “No Rohingya” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မျိုးချစ်မြန်မာရဟန်းများသမဂ္ဂက ဆရာတော် ဦးသုစိတ္တက “ဒီမှာ ရိုဟင်ဂျာမရှိဘူးဆိုတာ သူတို့ကို သိစေချင်တယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

မလေးရှားအစိုးရ စေလွှတ်လိုက်တဲ့ Nautical Aliya သင်္ဘောပေါ်မှာ ဆန်၊ ဆေးဝါးပစ္စည်းနဲ့ အဝတ်အထည်ပေါင်း တန် ၂၂၀၀ ကို တင်ဆောင်လာပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေလည်း စီးနင်းလိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)